Popular Posts

Wednesday, July 31, 2013

လှပသောဇာတိရပ်ရွာ တယ်ဟုန်


Img00000.jpgတယ်ဟုန်တိုင်၊ ဂျင်းဖောလူမျိုးစုတို့၏ကိုယ်ပိုင်အုပ်ချုပ်မှု ပြည်နယ်ခွဲသည် တစ်နိုင်ငံလုံးတွင် အခု ၃၀ မြောက်နှင့်ယူနန် ပြည်နယ် လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်ခွဲ ၈ ခုထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်။ တည်နေရာမှာ တရုတ်နိုင်ငံ၏အ နောက်တောင်ဘက်၏အဖျားစွန်းနယ်စပ်ဒေသတွင် ရှိသည်။ မန်စီ၊ ရွှေလီမြို့ ၂ မြို့နှင့်လျံဟို၊ ရင်ကျန်း၊ လုံချွမ်းစသည့် ခရိုင် ၃ ခုကို ကွပ်ကဲအုပ်ချုပ်ရသည်။ ဧရိယာမှာ ၁၁၅၂၆ စတုရန်းကီလိုမီတာ ရှိသည်။ တယ်ဟုန်၏တောတောင်မြစ် ချောင်းသည် ရှုခင်းလှပသည်။ ရာသီဥတုထူးခြားကောင်းမွန်ပြီး သယံဇာတပေါကြွယ်ဝသည်။ လှပထူးဆန်းကြွယ်ဝသော နေရာဖြစ်သည်။ နိုင်ငံတော်၏အနောက်တောင်ဖျား နယ်စပ်ဒေသတွင် အနားကွပ်ထားသော တောက်ပသည့်ပုလဲလုံး သဖွယ်ဖြစ်သည်။ ၎င်းတွင် ထင်ရှားသည့်ထူးခြားချက် ၃ ခု ရှိသည်။ တစ်မှာ လူမျိုးစုယဉ်ကျေးမှု သယံဇာတများ ကြွယ်ဝ သည်။ တယ်ဟုန်သည် လူမျိုးစုများပြားစွာ စုစည်းနေထိုင်သောဒေသ ဖြစ်သည်။
credit: ၂၀၁၃-ခုနှစ်၊ အမှတ်စဉ်(၂)ထုတ် မင်္ဂလာမဂ္ဂဇင်း၊ နှာ(၅၇)

No comments:

Post a Comment