Popular Posts

Wednesday, July 31, 2013

ရှမ်းရိုးမနှင့်မောမြေ


ရှမ်းရိုးမနှင့်မောပြည်
ရှမ်းရိုးမတည့်
မှုန်ပျမှိုင်းပြာ နေစမြဲ။
ရှမ်းကုန်းမြေတည့်
ဝေသီမြင့်မား မတ်စမြဲ။
ရှမ်းလယ်ယာတည့်
ညီညာကင်းမဲ့ နိမ့်မြင့်မြဲ။
သြော်...
မှိုင်းပြာမှုန်ပျ၊ ရှမ်းရိုးမတည့်
မိုစွမောက်စွ၊ အလှလယ်ယာ
ညီညာကင်းကြ၊ နိမ့်မြင့်ကြလည်း
မှုန်ပျမှိုင်းပြာ၊ မောပြည်မှာမူ
ပြစ်မြူမဲ့ကင်း၊ ချစ်ခြင်းပွားတိုး
မာန်မိုးမထောင်၊ တော, တောင်, အင်း, ကန်
တမံ, ဆည်, မြစ်၊ အားလုံးချစ်၍
ပြည်သစ်မြန်မာ၊ တည်ဆောက်ရာ၌
ညီညာစိတ်ထား ခိုင်မာလျက်။

မင်းရှိန်အေး(မောမြေ)

No comments:

Post a Comment