Popular Posts

Wednesday, July 31, 2013

မြန်မာသံခံ၊ သျှမ်းသံခံ၊ ယွန်းသံခံ

တစ်နှစ်သုံးကြိမ် နေပြည်တော်၌ အကန်တော့ခံပွဲသို့တက်ရောက်ကြရသော နိုင်ငံတော်အစွန်အဖျား မြို့ဝန်ရုံးအရာရှိများ၊ စော်ဘွားများ၊ ရွှေခွန်ငွေခွန်များ၏ကန်တော့ဆက်သသော လက်ဆောင်များကို ယင်း ကန်တော့ပွဲတက် အခမ်းအနားတွင် ဖတ်ကြားပေးရသူများ ဖြစ်၏။(ရွှေနန်းသုံး၊ အပိုဒ် ၆၇-၆၈)
          ကျန်လွှတ်တော်အစုအမှုထမ်းငယ်တို့သည်လည်း တာဝန်အသီးသီး ရှိကြပြီး အုပ်ချုပ်ရေးယန္တရား ကြီး လည်ပတ်နိုင်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြရလေသည်။
          လွှတ်စာရေးတော်မှအစ လက်အောက်အရာရှိများအထိ လွှတ်အမှုထမ်းများ ခန့်ထားရာတွင် အ ထက်ဝန်ကြီးလေးဦးထံသို့ အဆင့်ဆင့် တင်ပြရရိုးဖြစ်သည်။ ၀န်ကြီးလေးဦး သဘောတူညီ၍ ဘုရင်ထံ အစီ ရင်ခံရပြီး ဘုရင်က အမိန့်တော်မှတ်၍ ခန့်ထားပေးသည်။ ရုံးတော်၊ သစ္စာတော်ရေး၊ တံဆိပ်စာရေး၊ ကသောင်းမြောင်တိုက်စိုး၊ ကသောင်းမြောင်တိုက်စာရေး၊ လက်ဆောင်ယူတိုက်စိုး၊ လက်ဆောင်ယူတိုက်စာ ရေးတို့မှာကား ဘုရင့်အမိန့်ခံရန်မလိုပဲ ၀န်ကြီးလေးဦး သဘောတူရုံဖြင့် ခန့်ထားထမ်းရွက်စေနိုင်၏။ ရာထူး မှ နုတ်ပယ်သည့်အခါလည်း ၀န်ကြီးလေးဦးသဘောတူမှ နုတ်ပယ်ခွင့်ရသော အရာမျိုးလည်းရှိသည်။(အုပ် ချုပ်ပုံ(တ)၊ စာ ၁၈၀၊ ၁၈၂၊ အ၀ှန်းဂဏန်း ၄၁၉(၉))
          သီပေါမင်းလက်ထက်၌ အုပ်ချုပ်ရေးရာမှာ ကစဥ့်ကလျား ဖြစ်ခဲ့ရသည်။ နန်းပျက်ခါနီးကာလ လွှတ် အမှုထမ်းများ လျှော့သည့်နေရာလျှော့၊ တိုးသည့်နေရာ တိုးချဲ့ခန့်ထားသည်ကို တွေ့ရသည်။ ၀န်ကြီးသုံး၊ ၀န် ထောက် ကိုး၊  နာခံတော် ခြောက်၊ စာရေးတော်ကြီး ၃၄၊ အမိန့်တော်ရေး သုံး၊ အသုံးစာရေး ၁၈၊ အမှာရေး ကိုး၊ အဝေးရောက် ခြောက်၊ မြန်မာသံခံ လေးနှင့်သျှမ်းသံခံ တစ် စုစုပေါင်း ၉၃ ရှိလေသည်။(အုပ်ချုပ်(တ)၊ စာ ၁၈၀၊ အ၀ှန်းဂဏန်း၊ ၄၁၈(၈)) ဤသည်ကို ကြည့်လျှင် ရှေးမင်းတို့ လုပ်ရိုးထုံးစံမှပယ်ခွာ၍ ဘုရင်က မိမိ သဘောအလျောက် အတိုးအလျှော့များ ပြုခဲ့ကြောင်း တွေ့ရပေသည်။

မှတ်ချက်။        ။၁၉၇၈-ခုနှစ်၊ မေလထုတ် အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း၊ ဒုတိယတွဲ ဒုတိယပိုင်း၊ စာမျက် နှာ(၆၇)၌လာရှိသော အကြောင်းအရာကို ရွေးနုတ်၍ စာစီရိုက်ထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment