ရှမ်းနှင့်ပတ်သက်သောဆွေးနွေးချက်ကို
အဓိကယူ၍ ဖေါ်ပြထားပါသည်။
ရှမ်းပြည်မှာ
ရှမ်းစာရှိပါတယ်။ ရှမ်းစာရှိတော့ ရှမ်းစာကို အကုန်လုံးဖတ်နိုင်သလားလို့ ကြည့်လိုက်ပြန်တော့
လူမျိုးအသီးသီးရှိတဲ့အထဲမှာ ရှမ်းစာဖတ်နိုင်တဲ့အမျိုးသားက နည်းနည်းကလေးရှိပါတယ်။ ဒီအမျိုးထဲမှာ
ကြည့်လိုက်ရင် စာပေမရှိတဲ့တိုင်းရင်းသားက ခပ်များများရှိပါတယ်။ စာပေလုံးလုံး မရှိတဲ့လူမျိုးတွေလဲ
ရှိကြ တယ်။ ကျိုင်းတုံဘက်က လားဟူး၊ အီကော၊ ယင်းကြား၊ ယင်းနက်တို့မှာလဲ စာပေမရှိပါဘူး။
တချို့တလေ မှာ ဘာရှိသလဲဆိုရင် (ရိုမင်ကက်တလစ်မစ်ရှင်)ရောက်လာတဲ့အခါ၊ (ပတ်ပလိပ်မစ်ရှင်)ရောက်လာတဲ့အခါ
တောင်ပေါ်ရော၊ တောကိုရော ရောက်ပြီး ဒီလူမျိုးတွေနဲ့ဆက်စပ်ပြီး ဘာသာရေးနဲ့သက်ဆိုင်တဲ့စာအုပ်တွေ
ထုတ်ပေးတယ်။ ဒီစာအုပ်လောက်သာ ဖတ်ရတယ်။ ကျန်တဲ့စာအုပ် လုံးလုံးမရှိဘူး။ တောင်ပေါ်မှာ
စကား ပြောနိုင်ဘို့ သူ့စကားနဲ့သူ ပြောနိုင်တယ်။ စာပေအရ ဘာမှအထောက်အခံ အကိုးအကား မရှိပါဘူး။
ရှမ်းစာမှာ
အများအားဖြင့် ရေးရတဲ့စာတွေဟာ ဘာနဲ့ပတ်သက်သလဲဆိုရင် ဘာသာရေးနဲ့ပတ်သက်ပါတယ်။ ပဒေသရာဇ်ခေတ်ဆိုတော့
အများအားဖြင့် ရှင်ဘုရင်ခေတ်လို ထီးသုံးနန်းသုံးစကားတွေ၊ ပဒေသရာဇ်ရှင် ဘုရင်နယ်စားပယ်စား၊
ဒီလိုမှီပြီး ချီးကျူးရေးတဲ့စာတွေ ခပ်များများတွေ့ရတယ်။ တိုင်းသူပြည်သားများအ တွက်
တောင်သူလယ်သမား၊ အလုပ်သမား၊ ဆင်းရဲသားအပိုင်းက ဖတ်ဘို့စာရယ်၊ ယဉ်ကျေးမှုနဲ့ပတ်သက် တဲ့ဟာ
မရှိသလောက်ဖြစ်တယ်။ ဒီစာထဲမှာ ကြည့်လိုက်ရင် ရှမ်းစာဆိုတာ တလုံးဆိုရင် အဓိပ္ပါယ် ၅ မျိုး
ပေါက်တယ်။ ဥပမာ - သကို င-နဲ့သတ်လိုက်ရင် (သင်)လို့ထွက်လာတဲ့အသံဟာ အဓိပ္ပါယ်မှာလဲ ၅ မျိုးပေါ်
လာတယ်။ ဒီစာဟာ မတည်တံ့တဲ့စာဖြစ်တယ်။ အင်မတန် အဖတ်ရခက်တယ်ဆိုပြီး တချို့လူတွေက ကြံဆ
ကြတယ်။ ရှမ်းစာမူဟောင်းဟာ အင်မတန် အဖတ်ရခက်တယ်ဆိုပြီး မူသစ်တီထွင်တယ်။ တီထွင်တဲ့အခါ
ရှမ်းစာအဟောင်းကို တောပိုင်းက ဖတ်တတ်တာဟာ ဘုန်းကြီးကျောင်းက ဖတ်တတ်တယ်။ စာပေအ ဟောင်းနဲ့ဖတ်ကြ
ရေးကြတယ်။ အသစ်ကတော့ တောနဲ့ဘုန်းကြီးကျောင်းက ဖတ်လို့မရဘူး။ အဖတ်ခက် တယ်။ ဒီလိုဖြစ်နေတော့
ယခုတွင်က ပြောတဲ့စာပေကို တည်တံ့အောင် မူအသစ်နဲ့ထွင်ပြန်တော့ အကွဲကွဲအ ပြားပြား ဖြစ်ပြန်တယ်။
ကချင်ပြည်နယ်မှာလို တောင်ပေါ်နဲ့မူကလေးတွေ ခြားသွားတယ်။ ဘာသာစကားလဲ ခြားသွားတယ်။ ရှမ်းပြည်မှာလဲ
မူဟောင်းနဲ့မူသစ် အကွဲကွဲအပြားပြား ဖြစ်နေတယ်။ တချို့က ဖတ်နိုင်တယ်။ တချို့က မဖတ်နိုင်ဘူး။
တချို့က ကြိုက်တယ်။ တချို့က မကြိုက်ဘူး။
နောက်တစ်ခုက
ရှမ်းစာနဲ့ကြည့်လိုက်တဲ့အခါ ဘာသာနဲ့ဆိုင်တဲ့စာပေ၊ နယ်စားပယ်စားကို ချီးကျူးတဲ့စာပေ၊
ဒီလောက်ဘဲ တွေ့ရတယ်။ မူမသေသေးဘူး။ ဒီတော့ နောက် တိုးတက်ဖွံ့ဖြိုးဘို့ ဘယ်နည်းနဲ့လိုက်နိုင်မလဲ။
ကမ္ဘာနဲ့ရင်ဘောင်တန်းတက်မယ်ဆိုရင် ရှမ်းစာနဲ့ဘယ်လိုလိုက်မလဲဆိုတာ ပြဿနာတစ်ခုပေါ်တယ်။
ယခု ပြောချင်တာက ရှမ်းစာတွင်မဟုတ်ဘူး။ ပြည်ထောင်စုမှာရှိတဲ့အချို့အမျိုးသားတွေဟာ စာပေလုံးလုံးမရှိဘူး။
အချို့ရှိကြတယ်။ ရှမ်းစာရှိတယ်။ ကချင်စာ၊ ပလောင်စာ ရှိတယ်။ ဒီစာတွေကတော့ တည်တံ့တဲ့စာမဟုတ်
ဘူး။ ရေးနိုင် ဖတ်နိုင်သလောက်သာ ဖြစ်တယ်။ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး တိုးတက်အောင် လုပ်မယ်ဆိုရင်
ဒီစာနဲ့ဆိုရင် ကျွန်တော့်အမြင်နဲ့တော့ တိုးတက်ဘို့မရှိဘူး။ ကျွန်တော်လဲ အင်မတန်စဉ်းစားပါတယ်။
ပြည် ထောင်စုတစ်ခုလုံးမှာ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ထိန်းသိမ်းဘို့ တော်လှန်ရေးအစိုးရက
ခွင့်ပြုခဲ့တယ်။ တိုင်း ရင်းသားအမျိုးမျိုးရဲ့သူ့ယဉ်ကျေးမှုနဲ့ငါ့ယဉ်ကျေးမှုကို ထူထောင်ကြ၊
ကိုယ့်ဟာကို ထူထောင်ကြ၊ မတတ်နိုင် တဲ့အခါ ၀ိုင်းဝန်းဆောင်ရွက်ကြ၊ ဒီလိုဝိုင်းဝန်းကူညီပြီး
ကြီးပွားတိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ကြဘို့ အခွင့် ပေးထားပါတယ်။ ဒါကတော့ တော်တော်လုပ်ရပါလိမ့်မယ်။
ဒီပြဿနာဟာ ခက်လဲခက်ပါတယ်။ နက်လဲနက် နဲပါတယ်။ ကျယ်လဲကျယ်ဝန်းပါတယ်။ စဉ်းစဉ်းစားစားနဲ့
လုပ်ရမယ့်အလုပ်လဲ ဖြစ်ပါတယ်။ ကျွန်တော့်အယူ အဆက တစ်တိုင်းပြည်လုံး ပြည်မရော၊ ပြည်နယ်ရော၊
တောင်ပေါ်ရော တောင်အောက်ရော အကုန်လုံး ဆက်သွယ်နိုင်အောင်၊ ကမ္ဘာနဲ့ရင်ဘောင်တန်းတဲ့အခါ
အသုံးချနိုင်အောင် စာမူတစ်ခု ထားလိုက်ရင် အင်မ တန်ကောင်းမယ်။ ဥပမာ - မြန်မာစာနဲ့တက်မယ်ဆိုရင်
ကမ္ဘာကို ရင်ဘောင်တန်းဘို့ အခြေအနေရှိပါတယ်။ ဒီအပိုင်းမှာတော့ တော်တော်ပြုပြင်ရပါဦးမယ်။
ရှိတဲ့စကားဟာ (Art)၀ိဇ္ဇာပညာနဲ့ပတ်သက်တဲ့စာတွေ အ တော်များတယ်။ ကမ္ဘာနဲ့ရင်ဘောင်တန်းတော့
(Art)နဲ့မတက်နိုင်ဘူး။ (Art)ရှိသင့်ရှိထိုက်တာတော့ မှန်တယ် လောကဓာတ်သိပ္ပံပညာကို ကူးပြောင်းရမယ်။
ယခုတွင်ကပြောတဲ့ Arts literature ကိုတောင်
ဂဃနဏ မရေးနိုင်သေးပါဘူး။ ဥပမာ - ရှမ်းစာဆို ပါတော့။ ရှမ်းစာကို ရေးခဲ့တဲ့ပုဂ္ဂိုလ် ၎
ဦး ၅ ဦးရှိတယ်။ ယခုတော့ သူတို့မရှိတော့ဘူး။ သူတို့ရေးတဲ့စာရဲ့အ ဆင့်အတန်းက အနောက်တိုင်းနိုင်ငံမှာ
ရေးတဲ့စာရေးဆရာလောက် ရေးနိုင်တဲ့အစွမ်းအစ မရှိပါဘူး။ ယခုဆို ရင် ရှမ်းစာကို ရေးတဲ့ဆရာကြီးတွေ
သေသွားပြီးတဲ့နောက်မှာ ဒီဆရာမျိုးတွေ နောင်ပေါ်ကို မပေါ်တော့ဘူး။ ယခုရှိနေတဲ့စာဟာ
Arts ကိုပေါ်အောင် ရေးကို မရေးနိုင်ဘူး။ နောက်ပေါ်ပေါက်လာမယ့်ရှမ်းစာကတော့ ဘယ်လိုနေမယ်မသိဘူး။
မသေချာသေးဘူး။ ယခုတစ်ပြည်လုံးမှာ Common ညီတူညီမျှ ဖြစ်သွားအောင် ဆိုပြီး မြန်မာစာကို
မူတည်ပြီး ကိုယ့်စာကိုတော့ ကိုယ်ထိန်းသိမ်းကြပါ။ ဒါပေမယ့် ယခုတွင်ကပြောတဲ့အများ နဲ့ဆက်သွယ်တဲ့နေရာမှာ
မြန်မာစာကို အသုံးချရင် အင်မတန်ဘဲ တိုးတက်ဖွံ့ဖြိုးမှုမှာ ညီညီညာညာနဲ့အတော် တိုးတက်လိမ့်မယ်လို့
ယူဆပါတယ်။
(ဒေါက်တာစောနော်ခမ်း(ရှမ်းပြည်နယ်)၏ဆွေးနွေးချက်မှ)
ကျွန်တော်တို့
ရှမ်းပြည်မှာ လူမျိုးစုအားလုံး ၂၄ မျိုးရှိပါတယ်။ ဒီ ၂၄ မျိုးမှာ ရှမ်းပြည်အရှေ့ပိုင်းမှာ
၎ မျိုး၊ မြောက်ပိုင်းမှာ ၁၁ မျိုး၊ တောင်ပိုင်းမှာ ၉ မျိုးရှိပါတယ်။ အဲဒီ ၂၄ မျိုးမှာ
စာပေမရှိတဲ့ရှမ်းလူမျိုးဟာ အားလုံး ၁၁ မျိုးရှိပါတယ်။ အဲဒီ ၂၄ မျိုးမှာ ၁၁ မျိုးဟာ
စာပေမရှိဘူး။ အဲဒီစာပေမရှိတဲ့လူမျိုးဟာ ယင်းကြား၊ ယင်း နက်၊ တောင်ရိုး၊ ထရန့်လို့ခေါ်တဲ့ကရင်ဖြူ၊
နောက်ပြီးတော့ မြောက်ပိုင်းက ကိုလုံး၊ ဘွယ်လောက်၊ ပလော စတဲ့လူမျိုးတွေမှာလဲ စာမရှိသေးဘူး။
ကျွန်တော်တို့ ရှမ်းပြည်အရှေ့ပိုင်းမှာ လားဟူးလို့ခေါ်တဲ့လူမျိုးဟာ သူ တို့မှာ စာပေမရှိဘူး။
စာပေမရှိဘူးဆိုသော်လဲဘဲ ဗမာပြည်က စာရေးဆရာ သိပ္ပံဗထွေးဟာ လားဟူးဆိုတဲ့ တောင်ပေါ်လူမျိုးတွေအတွက်
စာပေကို တီထွင်ပေးခဲ့ပါတယ်။ ယခုအခါမှာ ပပျောက်သလောက်ရှိနေပါ တယ်။ ရှမ်းပြည်မှာရှိတဲ့လူမျိုးစုတွေထဲမှာ
တချို့လူမျိုးတွေဟာ သူ့နီးစပ်ရာ လူမျိုးတွေရဲ့စာကိုယူပြီး သုံးခဲ့ပါ တယ်။ ဥပမာ - ရှမ်းပြည်အရှေ့ပိုင်းက
ထိုင်လွယ်ဆိုတဲ့လူမျိုးမှာ စာပေမရှိဘူး။ စာပေမရှိတဲ့အတွက် ဂုံရှမ်း ရဲ့စာကို ယူသုံးရပါတယ်။
နီးစပ်သလို သုံးပါတယ်။ ဘာသာမတူသော်လဲဘဲ နီးစပ်ရာ လူမျိုးရဲ့စာပေကို ယူ သုံးပါတယ်။
နောက် ရှမ်းပြည်တောင်ပိုင်းက အင်းသားရယ်၊
ဓနုရယ် ရှိပါတယ်။ အင်းသားနဲ့ဓနုဟာ စကား ပြောတဲ့အခါမှာ ဗမာစကားကိုဘဲ ပြောပါတယ်။ အသံအလေးအပေါ့
မတူဘူး။ သူတို့ပြောတဲ့အခါမှာ အာ ခေါင်သံပါ ပါတယ်။ (ရ)ပါပါတယ်။ ဗမာနဲ့စကားပြောတဲ့နေရာမှာ
အနည်းငယ်ကွဲပါတယ်။ ဝေါဟာရကွဲပါ တယ်။ ဗမာစာပေကိုဘဲ သုံးပါတယ်။ ဒီလူတွေဟာ သီးခြားစာပေမရှိတဲ့အတွက်
ရှမ်းပြည်မှာရှိတဲ့ မတိုးတက် သေးတဲ့ လူမျိုးစုတွေဟာ သူတို့ကို ဖွံ့ဖြိုးလာအောင် တိုးတက်လာအောင်ဆိုပြီး
ကျွန်တော်တို့က ဆက်ဆံတဲ့ နေရာမှာ၊ ပညာပေးတဲ့နေရာမှာ သူတို့ကို ဖွံ့ဖြိုးအောင် ကျွန်တော်တို့က
လုပ်ပေးတဲ့နေရာမှာ ကျွန်တော်တို့ မှာ အခက်အခဲ အများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ဘာသာစကားလဲ မတူဘူး။ နောက်ပြီးတော့ သူ တို့သုံးတဲ့စာပေမရှိဘူး။ စာပေမရှိတဲ့လူမျိုး ၁၁
မျိုးအတွက်၊ ကျွန်တော်တို့က စာပေကို တီထွင်သင်ကြားပေး ဘို့လိုအပ်ပါတယ်။ အဲဒီတော့ စာပေနဲ့ပတ်သက်ပြီး
ကျွန်တော်အကျဉ်းချုံးပြောချင်တာက ရှိရင်းစွဲစာပေကို ထိန်းသိမ်းဘို့၊ နောက်ပြီး တိုးတက်အောင်
လုပ်ပေးဘို့ဆိုတဲ့အပိုင်းနှစ်ပိုင်းမှာ ထိန်းသိမ်းတယ်ဆိုတဲ့နေရာမှာ သက်ဆိုင်ရာကော်မရှင်၊
သက်ဆိုင်ရာ ပညာရေးကော်မရှင်တွေကနေပြီး လူမျိုးစုအသီးသီးမှာရှိတဲ့စာပေတွေ မပပျောက်သွားအောင်
ထိန်းသိမ်းပေးဘို့လိုအပ်ပါတယ်။ တချို့မှာ ပေတွေ၊ ပုရပိုက်တွေ ရှိပါတယ်။ ကျွန် တော်တို့က
သေသေချာချာ သိမ်းဆည်းပြီး ပြတိုက်နဲ့ဖြစ်စေ၊ ဆီလျော်သလို ထိန်းသိမ်းပေးသင့်ပါတယ်။
နောက်တစ်ခုက
ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး လူမျိုးတွေရဲ့စာပေကို ကျွန်တော်တို့က ဒေသဆိုင်ရာကျောင်း
များတွင် သင်ကြားခွင့်ပြုစေချင်ပါတယ်။ ဒေသဆိုင်ရာကျောင်းများမှာ သင်ကြားနေတဲ့စာပေတွေ
အမျိုးမျိုး ရှိပါတယ်။ ဥပမာ - ထရန်တို့ ပဒေါင်းတို့ဆိုတဲ့လူမျိုးတွေမှာ စာပေရှိပါတယ်။
လက်တင်ဘာသာက ဆင်း သက်လာတဲ့စာပေကို သူတို့လူမျိုးကျောင်းသုံးစာအဖြစ်နဲ့ ကျောင်းတွေမှာ
အပိုဘာသာအဖြစ် သင်ကြားပါ တယ်။ ထို့နည်းအတူ ပအို့လူမျိုးဆိုတာ ရှမ်းပြည်မှာ ဒုတိယအများဆုံးလူမျိုးပါဘဲ။
ပအို့ရဲ့စာပေကို ကျောင်း တွေမှာ သင်ကြားခွင့်မရှိသေးဘူး။ စာပေသင်ကြားခွင့်ရအောင် ပြုလုပ်ပေးသင့်တယ်လို့ထင်မြင်ယူဆပါ
တယ်။ ဒါကြောင့် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ပြောသွားတာပါ။
နောက်တစ်ခါ စာပေတိုးတက်ရေး၊ စာပေတိုးတက်ရေးဟာ
တိုင်းရင်သားလူမျိုးစာပေဟာ လက် တင်ဘာသာကနေပြီး ထွင်တယ်။ ဗမာနဲ့ရှမ်းပေါင်းပြီး သူတို့ဘာသာသူတို့
ပေါင်းစပ်ပြီးယူတယ်။ ဥပမာဆို ရင် ထရန်ဆိုတာက ကရင်ဖြူစာပေ၊ အတည်တကျမရှိသေးဘူး။ ရှမ်းနဲ့ဗမာကို
ပေါင်းပြီးသုံးတယ်။ တချို့ဂုံ စာကို ယူသုံးလိုက်တယ်။ ချို့ယွင်းချက်တွေ အများကြီးရှိနေပါတယ်။
ဒီချို့ယွင်းချက်တွေကို ကျွန်တော်တို့ က အသစ်တီထွင်ပြီး ပြုပြင်ပေးဘို့လိုပါတယ်။ အသစ်တီထွင်ပေးတဲ့နေရာမှာ
အနည်းငယ်ပြဿနာရှိလိမ့် မယ်လို့ ယူဆပါတယ်။ စာဟာ အသစ်တီထွင်တယ်ဆိုတာဟာ ဒီဒေသမှာ အများသုံးဖြစ်တဲ့စာကို
အများသုံး ဖြစ်တဲ့ဘာသာစကားကို မူတည်ပြီး ထွင်လို့ရှိရင် လွယ်ကူလိမ့်မယ်လို့ထင်ပါတယ်။
ဥပမာ - ပအို့ဟာ သူ့သီး ခြားစကား အများကြီးရှိတယ်။ သီးခြားစာပေမရှိသော်ငြားလဲ ပအို့ရဲ့အက္ခရာမှာ
ဗမာအက္ခရာကို သုံးထားပါ တယ်။ ဗမာအက္ခရာကို သူတို့အက္ခရာဖြစ်အောင် ဖန်တီးထားပါတယ်။ ထိုင်းရှမ်းအက္ခရာကိုလည်း
ယူထား ပါတယ်။ စာပေမရှိတဲ့လူမျိုး ၁၁ မျိုးကို ဖြစ်နိုင်တဲ့နည်းနဲ့စာပေကို တီထွင်ပေးမယ်ဆိုရင်
ရှမ်းအက္ခရာကို တီ ထွင်ပေးရင်ဖြစ်ပါတယ်လို့ သက်ဆိုင်ရာ ကော်မရှင်ကို တင်ပြရခြင်း ဖြစ်ပါတယ်။
စာပေနဲ့ပတ်သက်ပြီး ဒီ လောက်ဘဲ ပြောချင်ပါတယ်။
(ဦးသိန်းလှိုင်(ရှမ်းပြည်နယ်)၏ဆွေးနွေးချက်မှ)
ရှမ်းစာပေနဲ့ပတ်သက်ပြီး
ကိုယ်စားလှယ်ကြီးများတင်ပြသွားတာ ကျွန်တော်တို့လဲ နားထောင်မိပါတယ်။ ကျွန်တော်တို့ရှမ်းအနေနဲ့
ရှမ်းစာပေဆိုတာ နဂိုကတည်းက ရှိနေပါတယ်။ ဘယ်တုန်းက စပေါ်သလဲဆိုတာ ကျွန်တော်တို့ မတွေ့ခဲ့ဘူး။
ရှမ်းပြည်အနေနဲ့ တောင်ကြီးမှာ ဆွေးနွေးကြသေးတယ်။ ရှမ်းစာပေ ဘယ်တုန်း က စပေါ်သလဲဆိုတာ
ပုဂ္ဂိုလ်တစ်ယောက်က ပြောပါတယ်။ ကျွန်တော်တို့ ရှမ်းဒဏ္ဍာရီမှာရှိပါတယ်။ သူတို့ ပြောတာက
ဗုဒ္ဓဘာသာရဲ့သမိုင်းအရ၊ တရုပ်ပြည်က ဗုဒ္ဓရဟန်းတော် ပါရီယံဟာ အိန္ဒိယပြည်ကိုသွားပြီး ဗုဒ္ဓ
ကျမ်းစာ ရတာနဲ့ သွားကိုက်ညီနေပါတယ်။ ဖလုံးကွန်ပေါင်းဆိုတဲ့ရှမ်းစာပေမှာရှိတဲ့ ကျွန်တော်တို့တိုင်းရင်း
သားစာပေမှာ ဗျည်း ၁၈ လုံးရှိပါတယ်။ ဗမာဗျည်းနဲ့အရေးအသားချင်း နည်းနည်းကွာလာတာဘဲရှိပါတယ်။
က-ခ ရယ်လို့ နာမည်လဲ မတူဘူး။ ကျွန်တော်တို့ဗျည်းက ဘယ်လိုအသံထွက်သလဲဆိုရင် ကခဂ၊ ပဖည၊
မတဟ၊ အစရှိသဖြင့် ၁၈ လုံးရှိပါတယ်။ အဲဒီအထဲမှာ သတို့ ဘတို့မရှိဘူး။ ကုသိုလ်ဆိုရင် ကုစိုဘဲ။
သ မရှိ ဘူး။ စ ရှိတယ်။ အဲဒါကြောင့် ရှမ်းစာပေဟာ ဘယ်တုံးက စပေါ်လာသလဲဆိုတဲ့အကြောင်း ကျွန်တော်တို့လဲ ဘဲ ဆက်လက်ပြီး သုတေသနလုပ်နေပါတယ်။ ဘယ်အချိန်ကစပြီး
ပေါ်လာသလဲ။ မှတ်တမ်းအရဆိုရင် နှစ် ပေါင်း ၁၀၀ ကျော်ကစပြီး ရေးထားတဲ့ပုရပိုက်တွေ ရှိပါတယ်။
ကျွန်တော်တို့မှာ ပေစာကျောက်စာတွေမရှိ ပေမယ့်လဲ ရှမ်းလူမျိုးများအနေနဲ့ တရုပ်ပြည်မှတဆင့်
စက္ကူလုပ်တဲ့အတတ်ပညာ တတ်ခဲ့ပါတယ်။ အဲဒါမိုင်း ကိုင်စက္ကူလုပ်ငန်းပါဘဲ။ မိုင်းကိုင်ကို
မှိုင်းခံလို့ရေးသားနေကြပါတယ်။ အမှန်စင်စစ်တော့ မိုင်းကိုင်ပါ။ တောင် ပိုင်းရှမ်းပြည်က
စပြီးလုပ်တဲ့စက္ကူကို မိုင်းကိုင်လို့ခေါ်ပါတယ်။ ကျွန်တော်တို့ဟာလဲ ဒီစက္ကူပေါ်မှာ ဘာနဲ့ရေး
သလဲဆိုတော့ သဘာဝကပေးတဲ့အချောင်းကလေးနဲ့ တောထဲမှာပေါက်တဲ့ဟာကို ချွန်လို့ရှိရင် နစ်ဖြစ်လာပါ
တယ်။ အဲဒီလိုရေးခဲ့တဲ့စာပေက ဘာများလဲဆိုရင် ဘာသာရေးနဲ့ပတ်သက်တဲ့ဗုဒ္ဓဘာသာစာပေကျမ်းဂန်တွေ
ရှိပါတယ်။ ဆေးကျမ်းဓါတ်ကျမ်းတွေ ရှိပါတယ်။ အဲဒါတွေတွင်လားဆိုတော့ မကသေးဘူး။ ဗမာလင်္ကာမှာရှိ
တဲ့ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတားအစရှိသဖြင့် ရှမ်းလင်္ကာမှာ ပြည့်ပြည့်စုံစုံရှိတယ်။ ဒီဟာတွေကတော့
ရှမ်း က ပင်ရင်းဖြစ်သလား၊ မဖြစ်ဘူးလားဆိုတဲ့ပြဿနာရှိတယ်။ ရေးထားတာကတော့ ရှမ်းစာဘဲ။
ရှမ်းအသွား ဘဲ။ ရှမ်းအသုံးအနှုန်းတွေဘဲ။ ဒါပေမယ့် ကျွန်တော်တို့ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို
ဆက်ခံတဲ့နေရာမှာ မဟာ ယာနဂိုဏ်း မြောက်ပိုင်းသာသနာ ရှမ်းပြည်မှာရှိတယ်။ တောင်ပိုင်း
ဟိနယာနဂိုဏ်း ထေရ၀ါဒသာသနာ တည်ရာလဲ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ရှမ်းပြည်မှာရှိတယ်။ ရှမ်းပြည်မှာ
ရောက်နေတဲ့ဗုဒ္ဓဘာသာသာသနာ ဟာ မြောက်ပိုင်းသာသနာဟာလဲ ကျွန်တော်တို့မှာ ရှိနေပါတယ်။ တောင်ပိုင်းသာသနာလဲ
ကျွန်တော်တို့မှာ ရှိနေပါတယ်။ ကျွန်တော်တို့ ဗမာအခေါ် ဇင်းမယ်ပဏ္ဏာသဆိုတာ ကျွန်တော်တို့ရှမ်းပြည်မှာ
ရှိပါတယ်။ သမိုင်းပုံပြင်၊ ဒဏ္ဍာရီပုံပြင်စသဖြင့် ဇင်းမယ်ပဏ္ဏာသဆိုတာ ရှမ်းမှာရှိခဲ့ပါတယ်။
ဒီလို ကျွန်တော်တို့ရှမ်းစာပေ ရှိခဲ့တယ်။ ရှေးခေတ်ကဆိုရင် သာမှု၊ နာမှု၊ သုဘ၊ အသုဘကစပြီး
ကျွန်တော်တို့အသုံးပြုခဲ့ပါတယ်။ စနစ် တကျသင်ခဲ့သလားဆိုတော့ စာပေကို တာဝန်ယူခဲ့တာက ဘုန်းတော်ကြီးကျောင်းများ
ဖြစ်ပါတယ်။ စစ်မဖြစ် ခင်က အစိုးရကျောင်းတွေအနေနဲ့ မူလတန်းအထိ ရှမ်းစာသင်ပေးပါတယ်။ စစ်ဖြစ်ပြီးခေတ်နောက်ပိုင်းမှာ
တော့ သင်တဲ့ကျောင်းတွေလဲ သင်တယ်၊ သူတို့(optional)လုပ်ထားတယ်။ သင်တဲ့ကျောင်းလဲ သင်တယ်။
မသင်တဲ့ကျောင်းလဲ မသင်ဘူး။ ဒီလိုဖြစ်လာတယ်။ ယခု ကျွန်တော်တို့ လူမျိုးများအနေနဲ့ များများ
ရှမ်းစာ တတ်နေတာက ဘုန်းတော်ကြီးကျောင်းများမှာ ဘုန်းတော်ကြီးများက သင်ကြားပေးတဲ့အတွက်
ရှမ်းစာများ မှာ လူများစုက များများစားစား တတ်နေခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ်နေတဲ့ဟာက
ရှမ်းစာက ဗျည်းကလဲ နဲ တယ်။ ပြီးတော့ ရှမ်းအသံထွက်က ဥပမာ - သုံးသံလောက်ထွက်တယ်။ ဥပမာ
- ပ-ပါ-ပါး ဆိုတော့ ပါးအ ပြင်က အောက်မြင့်ချရင် ပါ့ဘဲ ပြန်ဖြစ်ရမယ်။ သုံးသံရှိတယ်။
ရှမ်းက ငါးသံ၊ ပ-ပါ-ပါ့-ပါ-ပါးဆိုပြီးဖြစ်လာ တယ်။ အဲဒီနေရာမှာ ဘာဖြစ်သလဲဆိုတော့ ပါလဲ
ပါတယ်။ ဥပမာ - ခွေးရူးကို မရေးချ၊ မရေးချဘဲ ရေးတယ် မ-မာ-မား ဆိုတာ၊ (မ)ဆိုတာ(ခွေး)၊
နောက်တခါ (မ)ဆိုတာ (ရူးတာ)။ ဒါပေမဲ့ မ-မာလို့ ဖတ်ချင်တဲ့လူဖတ် ပြန်တယ်။ အဲဒါကြောင့်
ကျွန်တော်တို့ရှမ်း၊ ခေတ်ပေါ်ပင်ရှမ်းတွေက ရှမ်းစာဟာ မတိကျလှဘူး။ မတိကျ တော့ အသံထွက်တိကျအောင်
လုပ်ချင်တယ်ဆိုပြီး ရှမ်းစာမူသစ် သူတို့ထွင်လာတယ်။ ထွင်တာကလဲ အ သစ်အဆန်းမဟုတ်ပါဘူး။
အစတုန်းက သူတို့ဟာ ရှိနေတဲ့ဗမာနဲ့တူပြီး ဗျည်းကို သူတို့က အသုံးမပြုဘဲနဲ့ (Modernise)ပေါ့၊
ကြေးနန်းရိုက်တာ လွယ်အောင် လက်နှိပ်စက်ရိုက်တာလွယ်အောင်ဆိုတဲ့အတွေးအခေါ် နဲ့ နဂိုကရှိတဲ့ရှမ်းစာကို
(Modernise)ပြန်လုပ်တာ၊ ရှမ်းလူထုက လက်မခံတော့ သူတို့မပြင်ရဘူးလို့ မရှိစေ ရအောင်၊
နဲနဲပြင်မှဘဲဆိုပြီး ကျွန်တော်အစီရင်ခံသလို ဗျည်းကိုမပြင်ဘဲနဲ့ အသံတွေ၊ ဘာတွေကို ပြင်လာ
တယ်။ ပြီးတော့ သင်္ကေတထွက်လာတယ်။ အသံအလေးအပေါ့ ထွက်လာတယ်။ ဥပမာအားဖြင့် ရှမ်းဘာ သာမတတ်ဘဲ
သင်္ကေတဘယ်လိုထည့်ထား ထည့်ထား၊ ဘာမှအသုံးပြုနိုင်တဲ့ရှမ်းစာတတ်တဲ့လူက သူ့ဝါကျ သူ့(Sentence)အတိုင်းရှိတယ်။
တစ်လုံးထဲရေးထားရင် ခက်တယ်။ ဘာဆိုတာ မသိဘူး။ ဥပမာ - တစ်လုံး ထဲ ရေးရင်၊ ဗမာစကားလုံးမှာ
တိုင်ဆိုရင် တလုံးကြီးတင် တချောင်းငင် ငသတ် တိုင်၊ ရှမ်းက တ-တန်-တွပ်- င-ဆ-ဆိုတဲ့အတိုင်း
ကျွန်တော်တို့ရှမ်းက တိုင်ရယ်လို့မထွက်သေးဘူး။ ရှမ်းစကားလုံးပေါင်းမှာ တင်ဆိုပြီး ထွက်လာတယ်။
တင်တာဘဲ။ တင်-တင်-တိုင်-ဆိုပြီး ငသံထွက်တယ်။ နောက် တိန်၊ တိန့်-တိန့်-တိန့်-တိန်း ဆိုပြီး
ထွက်တယ်။ ဒါပေမယ့် ၀ါကျသီကုံးတဲ့နေရာမှာ သူက တင်ဆိုတာ တမင်ဆိုတယ်။ ရှမ်းစာတတ်တဲ့လူ
ဟာ သူက ဘယ်တော့မှ တိန်လို့မဖတ်ဘူး။ တင်လို့ဖတ်ရမယ်။ အဲဒါပိုတာဘဲ။ ပြီးတော့ ဖြစ်နေတာက
ကျွန် တော်တို့ တာဝန်ယူသင်ပေးနေတဲ့အထက်ပိုင်းက အစိုးရကနေပြီး ကျွန်တော်တို့ကို ယခုထက်ထိ
ကြပ်ကြပ် မတ်မတ် ရှမ်းလူမျိုးကို စာသင်မပေးသေးဘူး။ ဘုန်းကြီးကျောင်းဘဲ ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းက
ဘာ သင်ပေးသလဲဆိုရင်၊ ရှမ်းစာမူဟောင်းကို သင်ပေးနေတယ်။ ဒီတော့ ဘာဖြစ်လာသလဲဆိုရင် ဘုန်းကြီး
ကျောင်းက ထွက်တဲ့ ရှမ်းစာတတ်ပုဂ္ဂိုလ်တွေရှိတယ်။ အစိုးရကျောင်းကထွက်တဲ့ ရှမ်းစာတတ်ပုဂ္ဂိုလ်တွေရှိ
တယ်။ ကလေးတွေ ရှိတယ်။ အဲဒီလို တခေတ်ထဲ စာနှစ်မျိုး လူနှစ်မျိုးဖြစ်သွားမယ်။ သဘောက၊
သူပေးတဲ့ စာ ဟိုကမသိဘူး၊ ဟိုက ပေးတဲ့စာ သူက မတတ်ဘူးဆိုတာ ဖြစ်မှာစိုးလို့ ကျွန်တော်တို့ရှမ်းစာပေ
ထုံးတမ်း ဓလေ့ ထိန်းသိမ်းရေးအဖွဲ့ဆိုပြီး ရှမ်းဦးစီးက ကော်မရှင်ဖွဲ့ပြီး ဒီကိစ္စကို
စိစစ်နေပါတယ်။ စိစစ်ပြီး ကျွန်တော် တို့ အစီရင်ခံစာရေးပြီး ဦးစီးအဖွဲ့ကို တင်သွင်းလိုက်ပါပြီ။
မူဟောင်းကိုပဲ ပြန်သုံးပါမယ်။ အသစ်ထွင်တာလဲ အသစ်အဆန်းသိပ်မပါလှပါဘူး။ ရေးသားတဲ့နေရာမှာ
ဒုက္ခပိုဖြစ်လာတာ တခုဘဲရှိတယ်။ ဥပမာ - ပုံနှိပ် သဘောအရ ပြောမယ်ဆိုရင် တကော်လံတလိုင်း
စာကြောင်းတကြောင်းမှာဆိုရင် မူဟောင်းနဲ့ရေးရင်၊ စာ လုံး ၁၅ လုံးရှိတယ်။ ယခုမူသစ်နဲ့ရေးလို့ရှိရင်
၈ လုံးရမယ်။ ဒီတော့ (Space)ပိုလာတယ်။ ဘာမှမထူးဘူး။ တတ်တဲ့လူက တတ်နေတာဘဲ။ ဒီတော့ ရှမ်းစာမူသစ်ကို
ကျွန်တော်တို့အသုံးမပြုတော့ဘူး။ မူဟောင်းကို အသုံးပြုမယ်။ ပြီးတော့ ရှမ်းဆဋ္ဌယနာတင်ပြီး
ပိဋကသုံးပုံကို ရှမ်းဘာသာပြန်ဆိုထားပါတယ်။ ဘုန်းကြီးများ အဖွဲ့က ပြန်ဆိုထားပါတယ်။ အဲဒီပိဋကတ်သုံးပုံ
ပြန်ဆိုထားတဲ့စာကလဲ ရှမ်းစာမူဟောင်းပါဘဲ။ ဒါကြောင့် တခေတ်ထဲမှာ ကွဲမသွားအောင် ကျွန်တော်တို့က
အဟောင်းရှိတဲ့အတိုင်း၊ အဟောင်းလဲ ပြည့်စုံတယ်။ ဒီ တော့ အဟောင်းကို ပြန်သုံးမယ်လို့
ကျွန်တော်တို့ လက်ခံထားပါတယ်။
(ဦးကျော်ဇော(ရှမ်းပြည်နယ်)၏ဆွေးနွေးချက်မှ)
မှတ်ချက်။ ။၁၉၆၆-ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏စာပေရေးရာစာအုပ်
စာမျက်နှာ(၄၇ မှ ၆၄)အထိ လာရှိသော ရှမ်းပြည်ဆိုင်ရာအကြောင်းများကိုသာ ရွေးထုတ်စာစီရိုက်ထားခြင်း
ဖြစ်ပါသည်။
No comments:
Post a Comment