''အို...မိုးဒေ၀ါ...၊ ရှစ်တိုင်းမှိုင်းဆင်ကာ၊
ခိုးလဲ့မှုန်ပြာ၊ ညှိုးဘွဲ့ကြုံလာ၊ စာနာသင့်ပါငဲ့၊ ငြိုးမာန်တော်ဝင့်လိုက်ပါနဲ့၊ ရွာသင့်
မှရွာ။ ။
အိုကြုံရ၊ မယ့်ဗျာပါ၊ ကိုယ်ထီး ညည်း ယောင်မိသာ၊
မှိုင်းပြာပြာ၊ မြူခိုးငယ်၊ မိုးပတ်လည်ဝိုင်း၊ အို တိုင်းနယ်ရှစ် ခွင်၊ ရော်ရမ်းဘယ်မမြင်။ ။
လွမ်းလေအင်၊ ရွှေဘ၀င်ကျွမ်း၊ ရွာသွန်းချဲ့
မိုးပဇ္ဇုန်၊ ခြုံခြုံထွေး၊ ဘယ်မလုံ၊ ရွှေသဲ ဆတ်ဆတ်ခုန်။ ။
ဖော်မစုံ၊ တော်ရုံသာ ရွာတန်သင့်ပါငဲ့၊
ရွာတန်သင့်ပါငဲ့၊ အို...သခင့်၊ မိုးနတ်ဆွေရယ်၊ ငြိုးမာန်တော် ပွေပါနဲ့ တော့၊ တိတ်ပါစမ်း၊
အေးတုန်လို့ချမ်း။ ။
ရှစ်သန်းနယ်ခွင်၊ မြူမင်းလွင်ဆိုင်းပါလို့၊
ခြုံခြုံသင့်တိုင်းငယ်နဲ့၊ မှိုင်းအုံလို့ဆင်၊ ကိုးရယ်နယ်ခွင်၊ ကိုးရပ်နယ်ခွင်၊ ကြုံအင်ကပ်အောင်လေး၊
လွမ်းထပ်သည့်အင်။ ။
ဖြေမရွှင် ဆွေးစေဘို့၊ အရေးတော်ကြုံ၊ ခုများမှာ
ဟိုအမ္ဗုန်က၊ မာန်ဟုန်တော်ဖြိုး၊ မျက်မာန်တော်ငြိုးလိုက်ပါနဲ့၊ ခိုကိုးသူပါ၊ မိုးနတ်ဒေ၀ါ၊
ရွာတော်ရေးကိုလေး၊ တွေးချင့်လိုက်ပါ။ ။
ငွေနှင်းမှုန်ပြာပြာ၊ ငွေနှင်းမှုန်ပြာပြာ၊
ဘယ်ကိုမှာမှ သိနိုင်ဘဲ၊ အို မစဲ ရွာစွေစွေ၊ ဟိုတိမ်ခြေကသာ လေညှင်း သွေး၊ ထက်ကျေးအာကာမှိုင်းတမို့မို့၊
ရှုတိုင်းမြင်ရာ ဆိုင်းအဆို့ဆို့။ ။
မိုးလုံးဆင်ပြေ၊ ကိုးခွင်ဝိုင်းကာခြုံ၊
ဟိုအမ္ဗုန်က မှုန်ရီမှိုင်း၊ နှင်းမြူတွေထိုင်း၊ သိုင်းဟန်နွဲ့ချီ။ ။
အို...မျှော်လေတိုင်း မှိုင်းဆင်ခဲ့ပြီ။
မြူဝန်းလို့ချီ၊ ဖြေဆည်တော့နိုင်ရေး။ သည်ရဂုံ စုံမြိုင်ကျေးငယ်မှာ၊ ဘုန်းကြုံ ရသေး။
ဘော်ဝေးသူမှာ၊ ပူပါဘိတရေး၊ မြနှင်းရည် လေပြေဖျန်းတယ်၊ လွမ်းသူ့အဆွေး။
No comments:
Post a Comment