Popular Posts

Tuesday, November 5, 2013

ရာဇ၀င်ထဲက လားရှိုး(မြ၀င်း)



ရာဇ၀င်ထဲမှာ လားရှိုးဆိုတဲ့နာမည်ကို ရှာရတာအလွန်ခက်ပါတယ်။ သိန္နီ နဲ့သီပေါကတော့ ရာဇ၀င်ထဲမှာ အစောကြီး စာရင်းပေါက်ပါတယ်။ ဒါကြောင့် လားရှိုးရဲ့နောက်ခံအကြောင်းတွေကို ရှာဖွေရာမှာ လားရှိုးနယ် တစ်ဝိုက်က သမိုင်းဝင်နေရာတွေကိုလေ့လာစုစည်းပြီး လားရှိုးရဲ့မှတ်တမ်း မတင်ခံရတဲ့ပုံရိပ်ဟောင်းတွေကို ဆက်စပ်ဖေါ်ပြနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

လားရှိုးမြို့နယ်ထဲမှာ မိုင်းပိုင်ဆိုတဲ့ရွာကလေးကို ပုဂံခေတ်လယ် အေဒီ ၁၁၇၅ မှာ ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီးနဲ့မိဖုရားကြီးဝေဠုဝတီတို့က စကားသားနဲ့ထုလုပ်တဲ့ဗုဒ္ဓဆင်းတုတော်တစ်ဆူ ပေးပို့လှူဒါန်းခဲ့တဲ့သမိုင်း မှတ်တမ်းတွေ ရှိနေတဲ့အကြောင်း၊ လားရှိုးမဂ္ဂဇင်းပထမအုပ်မှာ ရေးသား တင်ပြခဲ့ပါတယ်။ မိုင်းပိုင်ရွာအပြင် နောက်ထပ် ဆက်စပ်တင်ပြရမယ့်နေ ရာတွေလည်း ရှိနေပါသေးတယ်။


လားရှိုးကောလိပ်ရဲ့အနောက်ဖက်မှာ ရန်အောင်မြင်ရှေးဟောင်းစေတီ တော်ကို ဖူးတွေ့နိုင်ပါတယ်။ စေတီတော်ရဲ့မူလရှေးဟောင်းစေတီတော်ကို ၁၉၈၀ ပြည့်နှစ်များအတွင်းက ပြန်လည်တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး မူလ ရှေးဟောင်းစေတီတော်ကို ငုံ၍ လက်ရှိစေတီတော်ကြီးကို ပြန်လည်တည် ဆောက်ထားတာ ဖြစ်ပါတယ်။ မူလရှေးဟောင်းစေတီတော်ကို ပြန်လည် တူးဖော်စဉ်က ထိုကာလမှာ တာဝန်ယူထားတဲ့ဂေါပကအဖွဲ့က သမိုင်း ပညာရှင်ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)နဲ့အဖွဲ့ရဲ့အကူအညီတွေ နဲ့ တွေ့ရှိချက်အားလုံးကို စနစ်တကျ လေ့လာမှတ်တမ်းတင်ခဲ့တာမို့ အဲဒီ မှတ်တမ်းများဟာ အဖိုးမဖြတ်နိုင်သော အထောက်အထားများအဖြစ်တွေ့ ရှိရပါတယ်။ (ပြုပြင်ပြီး ရန်အောင်မြင်ဘုရား ရှေ့မြင်ပုံ-ပုံ ၁)


ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)ရဲ့ရန်အောင်မြင်ရှေးဟောင်းစေ တီတော်လေ့လာချက်မှတ်တမ်း(၁၂-၉-၁၉၈၂)အရ စေတီတော်ရဲ့သက် တမ်းကို ခန့်မှန်းဖို့အတွက် အလွန်အရေးပါတဲ့အဓိကအချက်ကတော့ စေ တီတော်ရဲ့ပန်းတင်ခုံပန္နက်တော်သည် တောင်မြောက်မျဉ်းတည့်တည့် မဟုတ်ဘဲ အနောက်ဘက်သို့ ၂၂ စောင်းနေတယ်ဆိုတဲ့အချက်ပါပဲ။(စေ တီတော်၏ပန္နက်ပုံကြမ်း-ပုံ-၂)


ရှေးဟောင်းဘုရားများနဲ့ပုဂံခေတ်ဂူဘုရားအားလုံး၊ စေတီဘုရားအားလုံး၏ ပန်းတင်ခုံ ပန္နက်တော်သည် တောင်မြောက်မျဉ်းတည့်တည့် မဟုတ်ဘဲ အ ရှေ့(သို့မဟုတ်)အနောက်ဖက်သို့ စောင်းပြီး တည်ထားကြပါတယ်။ (Inventory of Ancient Monument in Bangan-Department of Archaeology 1998)


နောက်တစ်ချက်ကတော့ စေတီတော်ဟောင်းရဲ့ပစ္စယာသုံးဆင့်မှာ "ခိုနန်း ချိုး"တွေပါရှိနေတာတွေ့ရပြီး ထောင့်လေးထောင့် အောက်ခြေမှာလည်း ပုဂံရွှေစည်းခုံမှာကဲ့သို့ ကိုယ်နှစ်ခွရှိသော ခြင်္သေ့ရုပ်များရှိတယ်လို့ ပုဂံရွှေ စည်းခုံဘုရားဗိသုကာပုံစံနဲ့နှိုင်းယှဉ်တာကို တွေ့ရပါတယ်။ (ပုဂံရွှေစည်းခုံ ဘုရားပန္နက်တော်ပုံ(၃)နှင့်ခြသေ့င်္ရုပ်ပုံများ-ပုံ-၄)


တူးဖော်ရရှိတဲ့ရှေးဟောင်းရုပ်ပွားတော်များစာရင်းကို လေ့လာတဲ့အခါ-
(၁)၁၆ ရာစုလက်ရာ ပထမအင်းဝခေတ်ပဉ္စလောဟာဆင်းတုတော်ပုံ (ပုံ ၅) - ၁ ဆူ၊
(၂)၁၇-ရာစုလက်ရာ ညောင်းရမ်းခေတ်၊ ခေါင်းပွဆင်းတုတော်(ပုံ) - ၁ ဆူ၊
(၃)၁၇-ရာစုလက်ရာ၊ ညောင်ရမ်းခေတ်၊ မောက်မယ်ကျောက်ဖြင့် ထုလုပ် ထားသော ဇမ္ပတိဆင်းတုတော် တင်ပျဉ်ခွေ၊ မကိုဋ်ဆောင်းဆင်းတုတော် များ (ပုံ-၇) - ၈၀ ဆူ၊
(၄)၁၇-ရာစုလက်ရာ၊ ညောင်ရမ်းခေတ်၊ ရွှေချအုတ်ခွက်ဆင်းတုတော် (ပုံ- ၈) ၆၅ ဆူ၊
(၅)၁၈-ရာစုလက်ရာ၊ အမရပူရခေတ် စကျင်ကျောက်ဆင်းတုတော်(ပုံ-၉) - ၂ ဆူ၊
စသည်ဖြင့် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းလက်ရာစစ် ဆင်းတုတော် ပေါင်း ၁၅၀ ခန့်ရှိပြီး တွေ့ရှိရတဲ့နေရာများဟာ စေတီတော်ရဲ့ဖောင်းရစ်နေ ရာမှာတစ်ချို့၊ သပိတ်မှောက်နေရာမှာတစ်ချို့နဲ့ခေါင်းလောင်းနားနေရာမှာ တစ်ချို့ဖြစ်နေတဲ့အတွက် ခေတ်အဆက်ဆက် မြန်မာဘုရင်များက ခေတ် အဆက်ဆက် ဆင်းတုတော်လက်ရာမျိုးစုံကို ထပ်မံပြုပြင်ကုသိုလ်ပြုခဲ့ တယ်လို့ ကောက်ချက်ချလို့ရသွားပါတယ်။


ဒါကြောင့် ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)က ဘုရားတည်တဲ့ ခေတ်ကို (အေဒီ-၁၅၀၀)ထက် စောတယ်ဆိုတဲ့အတွက် ပုဂံခေတ်လယ် ပုဂံခေတ်နှောင်းအထိ ခန့်မှန်းနိုင်ပြီးတော့ ဘုရားကို ပြန်လည်ပြုပြင် ကုသိုလ်ပြုခဲ့တဲ့မြန်မာဘုရင်များကတော့ ရှမ်းပြည်နယ်ကို ကိုယ်တိုင်စစ် ကြောင်းချီတက်ခဲ့ဖူးသော ဘုရားများဖြစ်တဲ့ဘုရင့်နောင်မင်းတရားကြီး (အင်းဝခေတ်)(အေဒီ ၁၅၅၁-၁၅၈၂)နဲ့ညောင်ရမ်းမင်းတရားကြီး(ညောင် ရမ်းခေတ်)(အေဒီ ၁၆၀၀-၁၆၀၆)တို့ဖြစ်နိုင်တယ်လို့ယူဆပါတယ်။ ဒီလို ယူဆတဲ့အတွက် ထိုစဉ်က ရှိပြီးဖြစ်နေမယ့်လားရှိုးရွာကလေးဟာ ဘယ် လောက် ရှေးကျသလဲဆိုတာ မှန်းနိုင်ပါတယ်။


ဘုရားတည်တဲ့ကာလကို ပုဂံခေတ်လို့ မှန်းတာအကြောင်းရှိပါတယ်။ သီ ပေါက ဘော်ကြိုမုဋ္ဌောစေတီကို အေဒီ ၁၁၇၄ မှာ ပုဂံပြည့်ရှင် နရပတိစည် သူမင်းကြီးက စကားသားနဲ့ထုလုပ်ထားတဲ့ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၄ ဆူ ပေးပို့လှူဒါန်းခဲ့တဲ့အတွက် ဘော်ကြိုမုဋ္ဌောစေတီသည် ပုဂံခေတ်ကတည်း က ရှေးဘုရားဖြစ်နေပါပြီ။(ဘော်ကြိုမုဋ္ဌောစေတီသမိုင်း-စာ-၁၇)


မိုးမိတ်က ရွှေဇာလီဘုရားမှာတော့ အနော်ရထာမင်းရဲ့အုတ်ခွက်ဘုရား တစ်ချပ်ကို တွေ့ရတယ်။ အုတ်ခွက်ရဲ့မျက်နှာဖက်မှာ ဂေါတမမြတ်စွာဘု ရားနဲ့ပွင့်ခဲ့ပြီးသော ဘုရား(၉)ဆူ ခြံရံထားပါတယ်။ ကျောဖက်မှာ မွန်ဘာ သာနဲ့-
". . . ဤဘဂ၀ါမြတ်စွာဘုရားဆင်းတုတော်ကို သီရိအနုရုဒ္ဓဒေ၀ဘွဲ့အမည် ရှိသော မင်းကြီးသည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်းအကျိုးငှါ မိမိလက်တော်ဖြင့် သွန်းလုပ်တော်မူပါသည်. . ."လို့ရေးထားပါသည်။ (ဒေါက်တာနိုင်ပန်းလှ၏သုတေသနစာတမ်းများ စာ ၃၀၀)ဒါကြောင့် မိုး မိတ်ရွှေဇာလီဘုရားသည်လည်း ပုဂံခေတ်ဦး ဖြစ်ပါတယ်။

လားရှိုး၊ သီပေါ၊ မိုးမိတ်ဆိုတာ မြေပုံထဲမှာတိုင်းကြည့်ရင် မိုင်(၅၀)ပတ် လည်မှာ သုံးပွင့်ဆိုင် ရှိနေတာဖြစ်လို့ ရန်အောင်မြင်ဘုရားကိုလည်း မူလ ဗိသုကာပုံစံများအရ ပုဂံခေတ်လို့ မှန်းတာ ဖြစ်ပါတယ်။

ဒါအပြင် အမရပူရခေတ်၊ စကျင်ကျောက်ဆင်းတုတော်(၂)ဆူကိုတော့ ရှမ်းပြည်နယ်ကို ကိုယ်တိုင်စစ်ကြောင်းချီတက်ခဲ့ဖူးခြင်းမရှိသော အမရပူရ မြို့တည်ဘိုးတော်ဗဒုံမင်းတရား(အေဒီ ၁၇၈၂-၁၈၁၉)ရဲ့ကောင်းမှုဖြစ်နိုင် တယ်လို့ ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)က သုံးသပ်ပါတယ်။ ဒီလိုသုံးသပ်တာဟာ တစ်ခြားကြောင့် မဟုတ်ဘဲ လားရှိုးရဲ့နောက်ဘုရား တစ်ဆူဖြစ်တဲ့မန်ဆူဘုရားရဲ့သမိုင်းကြောင့် ဖြစ်ဖို့များပါတယ်။

မန်ဆူစေတီတော်ကို လေ့လာတဲ့အခါကျတော့ ဘုရားတည်ကျောက်စာ၊ ခေါင်းလောင်း၊ နံရံဆေးရေး၊ ဘာတစ်ခုမှ ရှာမတွေ့တဲ့အပြင် ပြန်လည်တူး ဖေါ်ပြီးမှ ပြင်ဆင်တာလည်း မဟုတ်တဲ့အတွက် ဘုရားဌာပနာနဲ့မူလပန္နက် တော်အနေအထားများကိုလည်း မသိနိုင်တော့ဘဲ ဖြစ်သွားပါတယ်။ ဒါပေ မယ့် မြန်မာအမတ်ကြီးတစ်ဦးရဲ့ဘုရား၊ မြန်မာဘုရား၊ မြန်မာအမတ်ကြီးဦး ပေါ်ဦးရဲ့ဘုရားဆိုတဲ့သက်ကြီးစကား သက်ငယ်ကြား သမိုင်းရှိနေကြောင်း တစ်နယ်လုံးမှာရှိတဲ့ဒေသခံများအားလုံးက မြန်မာလိုရော ရှမ်းလိုရော မြန် မာအမတ်ကြီးဦးပေါ်ဦး တည်တယ်လို့ သမိုင်းစကား အခိုင်အမာရှိနေ ကြောင်း မန်ဆူဂေါပကအဖွဲ့က ပြုစုထားတဲ့မှတ်တမ်းထဲမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။
ဒါကြောင့်မို့ စောစောက ရန်အောင်မြင်ရှေးဟောင်းစေတီတော်မှ အမရပူရ ခေတ် စကျင်ကျောက်ဆင်းတုတော်(၂)ဆူသည် အမတ်ကြီးဦးပေါ်ဦးရဲ့ ဘုရင်မင်းမြတ်ဖြစ်သော အမရပူရမြို့တည် ဘိုးတော်ဗဒုံမင်းတရားကြီးရဲ့ ကုသိုလ်တော် ဖြစ်နိုင်တယ်လို့ပြောတာပါ။

အမတ်ကြီးဦးပေါ်ဦးဟာ အမရပူရမြို့နန်းတည် ဘိုးတော်ဗဒုံမင်းတရားကြီး ရဲ့မြေးတော်အိမ်ရှေ့မင်းရဲ့မိဖုရားဆင်ဖြူမယ်မှာ သားဦးဖွားမြင်ပြီး ခုနစ် ရက်လည်တဲ့နေ့မှာ မိဖုရားနတ်ရွာစံပါတယ်။ ဒါကြောင့် ဘိုးတော်ဘုရား ဟာ ရင်တော်နှစ် မြစ်တော်ချစ်ကို အလွန်သနားပြီး အလွန်ချစ်မြတ်နိုး တော်မူတဲ့အတွက် ခမည်းပေးရန် ရတနာများစီခြယ်သော မြပုခက်ကိုဝယ် ဖို့ သဿမေဓငွေတော်မှ ရှစ်သိန်းထုတ်ပေးပြီး အမတ်ကြီးဦးပေါ်ဦးကို အ ၀ယ်တော်တာဝန်နဲ့ ယိုးဒယား ကို သွားဖို့ အမိန့်ထုတ်ပါတယ်။

ဒီလို သဿမေဓငွေနဲ့ဝယ်ဖို့ အမိန့်ထုတ်တာကို အမတ်ကြီးက"ဒီရှင်ဘုရင် ရှင်ဘုရင်ပါး မ၀သေးပါဘူး"လို့ ဝေဖန်တာမှာ ဘုရင့်ရွှေနားတော်ပေါက် ကြားသွားတဲ့အတွက် သိန္နီကို နယ်နှင်ဒဏ်ခတ်ခံရပါတယ်။ (ကုန်းဘောင် ရှာပုံတော်-စာ ၁၂၇/၁၄၅)။ ဒါကြောင့် မန်ဆူဘုရားကို အမတ်ကြီးဦးပေါ် ဦး တည်တာမှန်ခဲ့ရင် တည်တဲ့ခုနှစ်သည် ဆင်ဖြူမယ်နတ်ရွာစံတဲ့နှစ်(သိန္နီ ကို နယ်နှင်ခံရတဲ့နှစ်)အေဒီ-၁၈၁၃ နဲ့ ၁၈၁၆ ကြားမှာ ဖြစ်မှာ သေချာသွား ပါတယ်။
ဖေါ်ပြခဲ့တဲ့ ဘုရား(၂)ဆူရဲ့သမိုင်းကြောင့် လားရှိုးလွင်ပြင်ကလေးဟာ အရေးပါနေတာကို သိရပေမယ့် ရာဇ၀င်တွေထဲမှာ လားရှိုးဆိုတဲ့နာမည် မပါသေးပါဘူး။ သိန္နီနဲ့သီပေါကတော့ ပုဂံခေတ်ကတည်းက ရာဇ၀င်ထဲမှာ စာရင်းပေါက်နေပါပြီ။ ဒါကြောင့် လားရှိုးရွာကလေးဟာ သိန္နီနယ်ထဲမှာ လား သီပေါနယ်ထဲမှာလား ဆိုတာကို ရှာကြည့်ဖို့ပါပဲ။

လားရှိုးဆိုတဲ့ရွာကလေးရဲ့အမည်ကို ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း လက်ထက် တရုတ်-မြန်မာတတိယစစ်ပွဲ(အေဒီ-၁၇၆၇)မှာ မြန်မာတပ်များ က လားရှိုးနဲ့ကွမ်းလုံကို တက်ပြီး သိမ်းခဲ့တယ်လို့ ကုန်းဘောင်ခေတ်မဟာ ရာဇ၀င်တော်ကြီးမှာ ပါတဲ့အတွက် "ရာဇ၀င်ထဲက လားရှိုး"ကို အစောဆုံး တွေ့ရတာပါပဲ။ ဒါပေမယ့် ဘယ်သူ့လက်အောက်က ရွာကလေးလဲဆိုတာ မပေါ်လွင်သေးပါဘူး။

နောက်ပိုင်းမှာ သီပေါမင်းလက်ထက်(အေဒီ ၁၈၇၉-၁၈၈၀)က မှတ်တမ်း တွေထဲမှာကျတော့မှ လားရှိုးရွာကလေးရဲ့နာမည်ကို မကြာမကြာ တွေ့ရပါ တယ်။ အဲဒီမှတ်တမ်းများအနက် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပုံနှိပ်တဲ့လွှတ် တော်မှတ်တမ်း(Records of Hluttaw) ရှမ်းပြည်နယ်မှ အကြောင်းမှတ် တမ်း(Papers relating to the Shan State)အခန်း(၈)မှာ သိန္နီစော်ဘွား နဲ့သီပေါစော်ဘွားတို့ လားရှိုးရွာကလေးကို နယ်မြေလုရင်းက ရတနာပုံရွှေ နန်းတော်သို့ အပြန်အလှန် တိုင်စာရေးကြ လက်ဆောင်ပို့ကြနဲ့ လုပ်ခဲ့တာ တွေ တွေ့ရပါတယ်။

လွှတ်တော်မှတ်တမ်းစာ(၁၇၆) ကန္နီမြို့၊ သင်းတပ်ဗိုလ်ချုပ်နေမျိုးမင်းထင် ရန်အောင်က လွှတ်တော်လျှောက်လွှာတွင်-

       "သံလွင်အရှေ့ဘက် သူပုန်တို့အကြောင်းအရာ အရပ်ရပ်ထောက် လှမ်းချက်များတွင် ကြံစည်အခြေမပျက်၊ လူလက်နက်စုရုံးရှိကြောင်း၊ သံ လွင်အနောက်ဘက် မိုင်းနောင်၊ မိုင်းရှူး၊ မိုင်းစည့်၊ သိန္နီအလယ်လယ်မြို့ ကျေးရွာများသည် နှလုံးစိတ်ချ ပိပိပြားပြား ကိုးကားယုံကြည်ရသည် မဟုတ်…"စသည်ဖြင့် သိန္နီမြို့ကို မယုံရတဲ့စာရင်းထဲမှာ ထည့်ပြီးထောက် လှမ်းရေးအစီရင်ခံစာ ပို့ထားတာ တွေ့ရပါတယ်။

လွှတ်တော်မှတ်တမ်းစာ(၁၈၃)၊ သီပေါစော်ဘွားက လွှတ်တော်လျှောက် လွှာမှာ "ဘုရာ့ ကျွန်တော် သီပေါစော်ဘွား ကမ္ဗောဇမဟာဝံသသီရိသုဓမ္မ ရာဇာ ရှိခိုးအစီရင်တော်ခံပါတယ်ဘုရား။ သိန္နီမြို့စစ်ကဲ မင်းလှမင်းထင် စည်သူ။ ၁၂၄၀ တန်ခူးလဆန်း ၁၅ ရက်နေ့ သီပေါမြို့သို့ ဆုတ်ခွာဆိုက် ရောက်မေးမြန်းရာ လားရှိုးတွင် ရပ်နေသိမ်းပိုက်ရှိနေသည့်အတွင်း သိန္နီ စော်ဘွားက တရုတ်၊ ကချင်၊ ပလောင်၊ ရှမ်းတို့ကို စုရုံးစည်းကြပ်ပြီးလျှင် လာရောက်တိုက်ခိုက်လျက်ရှိသောကြောင့် ကျွန်တော်လည်း ခုခံတိုက် ခိုက်ရသည့်အမိန့်တော် မပါ။ လူ၊ လက်နက်နည်းပါးရှိသည့်နှင့်မခံမရပ်နိုင် သီပေါမြို့သို့ ဆုတ်လာရကြောင်း ပြောဆိုရှိသည်ဖြစ်ပါ၍ သိန္နီမြို့အ ကြောင်းကို ထောက်လှမ်းမေးမြန်းရာ သိန္နီစစ်ကဲ ထွက်ချက်နှင့်ကွဲပြားမှု မရှိ၊ ထပ်တူထွက်ဆိုရှိပါကြောင်း သိန္နီမြို့မှာ အခြားမြို့၊ ကျေးရွာတို့နှင့် မတူ၊ ထကြွလှုပ်ရှား မနွံမနာ ရိုင်းပျသည့်မြို့ကျေးရွာဖြစ်ပါ၍ နိုင်တန်နိုင် လောက် ဖိစီးသိမ်းပိုက်တော်မူပါမှ နီးစပ်သည့်မြို့ရွာများမှ အတည်အတံ့ ဖြစ်၍ အလိုတော်ရှိရာ မင်းမှုတော်ရပ်ကို ထမ်းရွက်နိုင်ရန် ရှိကြောင်း၊ မိုင်း ရော်ထမုံက သီပေါမြို့သို့ ပေးပို့သည့်ရောက်ရင်းရှမ်းရေးစက္ကူစာကိုလည်း ဆက်သပါကြောင်း သိတော်မူအောင်ရှိခိုးအစီရင်ခံပါသည်ဘုရား"လို့တွေ့ ရပါသည်။ ဒီလျှောက်လွှာအရ လားရှိုးရွာကို သီပေါစော်ဘွားက ပိုင်တယ်၊ လားရှိုးရွာကို သိန္နီစော်ဘွားက လာတိုက်တယ်။ ဒီလိုတိုက်တဲ့အကြောင်း ကို မိုင်းယော်ထမုံကလည်း သီပေါစော်ဘွားထံ စာနဲ့ရေးတိုင်ပါတယ်။ မိုင်း ယော်ထမုံရဲ့တိုင်စာမူရင်း(ရှမ်းရေးစက္ကူစာ)ကို တပါတည်း ပူးတွဲပြီး သီပေါ စော်ဘွားက သီပေါဘုရင်မင်းမြတ်ထံ တိုင်ကြားတာ ဖြစ်ပါတယ်။

ဒါကြောင့် လားရှိုးရွာသည် သီပေါမင်းလက်ထက်မှာ သီပေါစော်ဘွားအပိုင် မိုင်းယော်ထမုံ လက်အောက်ခံပါဖြစ်နေတဲ့အတွက် မိုင်းယော်ရွာသည် လည်း လားရှိုးထက်ကြီးပြီး လားရှိုးထက် ရှေးကျတယ်။ စောတယ်လို့ တွက်ယူနိုင်ပါတယ်။

သိန္နီစော်ဘွားက လွှတ်တော်ကို ပြန်ရှင်းတဲ့စာ လွှတ်တော်မှတ်တမ်းစာ (၁၈၂)မှာ-

"ဘုရာ့ ကျွန်တော် သိန္နီစော်ဘွား သီဝိရဋ္ဌမဟာဝံသသေဌသုဓမ္မရာဇာ ရှိခိုး အစီရင်ခံပါသည်ဘုရားလို့ အစချီပြီး သိန္နီမြို့ကျေးရွာသည် ဘုရာ့ရွှေဘုန်း တော်မြတ်ကြောင့် ရာဇ၀တ်ရေး မပေါ်မထွက် ကင်းလွတ်လုံခြုံ မြို့ကျေး ရွာ သာယာငြိမ်ဝပ် ရှိပါကြောင်း " ရှင်းလင်းထားတာ တွေ့ရပြီး "အထက် ဆက်သရန် မြင်းကြိုးကြာလက်ကောင်း-၁၊ မြင်းရံ-၄ များကိုလည်း အလျင် အမြန် စေလွှတ်ဆက်သမည်ဖြစ်ကြောင်း"ရှိခိုးအစီရင်ခံစာထားတာ တွေ့ရ ပါတယ်။

ဒီလိုအပြန်အလှန် လျှောက်လွှာတွေအရ လားရှိုးရွာကလေးဟာ သိန္နီစော် ဘွားနဲ့သီပေါစော်ဘွား မကြာမကြာ အငြင်းပွားတဲ့နယ်မြေဖြစ်ပြီး သီပေါ စော်ဘွားအပိုင် မိုင်းယော်ထမုံ လက်အောက်ဖြစ်နေသော်လည်း (၁၈၉၅) နောက်ပိုင်း အင်္ဂလိပ်အုပ်ချုပ်ရေးအရ တောင်သိန္နီနယ်အတွင်းဖြစ်လာပြီး တော့ သိန္နီစော်ဘွားကြီးလက်အောက်မှာ ရှိနေတာကို (Gazetter of Shan State 1900)မှာ တွေ့ရပါတယ်။

ဖေါ်ပြခဲ့ပြီးသမျှကို ခြုံပြီး သုံးသပ်ရင် လားရှိုးနဲ့ဘာမှမဝေးတဲ့မိုင်းပိုင်ရွာက လေးသည် (အေဒီ-၁၁၇၅)ကတည်းက ပုဂံခေတ်နဲ့ခေတ်ပြိုင် ဖြစ်ပါတယ်။ ရန်အောင်မြင်ရှေးဟောင်းစေတီတော်သည် (အေဒီ-၁၅၀၀)ထက်စောပြီး ပုဂံ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်နဲ့ခေတ်ပြိုင်ဖြစ်တယ်။ မန်ဆူ စေတီတော်သည် (အေဒီ-၁၈၁၅)ကုန်းဘောင်ခေတ်လယ်ဖြစ်တဲ့အတွက် လားရှိုးသည် သိန္နီနဲ့သီပေါလို ရာဇ၀င်ထဲမှာ အစောကြီးစာရင်းပေါက် လောက်အောင် အင်အားမကြီးပေမယ့် သူတို့နဲ့ခေတ်ပြိုင်ဖြစ်တယ်လို့ပြော လို့ရပါတယ်။

ဒါကြောင့် "ရာဇ၀င်ထဲက လားရှိုး"လို့ပြောရင် မမှားပါဘူးခင်ဗျာ။
(ဤစာတမ်း ဖြစ်မြောက်ရေးအတွက် ကူညီပေးသော ရန်အောင်မြင်စေတီ ပြုပြင်စဉ်က ဂေါပကတာဝန်ယူခဲ့သော ဆရာဦးမြတ်ထိပ်နိုင်အား ကျေးဇူး တင်ရှိကြောင်း မှတ်တမ်းတင်ပါသည်။)

မြ၀င်း

မှတ်ချက်။  ။၂၀၀၁-ခုနှစ်ထုတ် လားရှိုးမဂ္ဂဇင်း၊ စာမျက်နှာ-၃၉ မှ ၄၉ ထိပါ ရှိသော ဆောင်းပါးကို ပြန်လည်၍စာစီရိုက်ထားပါသည်။

Monday, November 4, 2013

ꨕူꨳꨓꨤမ်းꨀꨤꨓ်လုꨀ်ꨵꨕိုꨓ်ꨵတꨯး - ထုꨀ်ꨲလွမ်ယိုဝ်းတꨯꨤ ꨓ်ꨮးမိုင်းထꨯး ယွꨓ်ꨵꨓမ်ꨵမိုဝ်းꨕ်ꨮ (ꨁမ်းꨅမ်ꨳ)




vldif;eh yAefvldif;vkduf.vyf.wD;Okwf: e[:ymefumefvkuf.zkdef.? yAefvldif;uof,rK: ckwf:r[,aOwK. bkrf,brfoK; awyAefvgif;tefzl;b[,ulef:vlif qldof:yAefzl; erf:uof,vhmauK.vhmqof;qldof:rD:vgif;xmif,xldrftrf,qSif;vSif:rK:yAefwD;vDOlefq[? 'hm,ekdif;auK; yldof;wK,OSef:pkef;r[, vDpAef:N.wgif:rhmoh.wgef;Ogef yldifyAefvgif; eh.bl,/

uAof,uyf:vldif;eh. yAefvldif;tefqof;Okduf:qmrf,rldif:vh;phmvhmuGK, bgef.erf.rkdof:z[ bgef.z[cK;pSrf? bgef.Oif/ ylef.rK:rldof;e[:NofyD<cIdwf. 1978 qof;Okduf:qmrf, rldif(yK,wD,r[,Okifqkdif;wh: SSPP/SSA)vkuf.wmif:rldif:wh:ygwf:Mif,aO vlif:rK: ygwf:vSef<vdefrldif:xh:? ayK:rK:zSofvSef<vdefrldif:xh:bof.auK; ref:qof;wif: qof;Okduf:ymef:tgif, sv; ckefOkduf:rmof:cAof(auK.wdwf:wmrfrK:qgrf:)Nrf;uefuGK,pK Ol,q[: qof;ckefOK, wD;omef;pdefwSuf,? tefyAefiof;ikef: cgifwyf.Okduf:wh: Nrf;ygif(SUA)/ ohm:eef.auK; cofqof;phmvhmuGK,ySwf; vlnf;trf,N.vgif;wmif: trf,vh;pefwlofvdyf:wif:wlofwhmcofqof;/

ohm:eef. zl;b[,ulef:vlif(SSPP/SSA)qldof:cof;pAwf:umefbl,e[:rldif:xh:auK; auK.ekdif;bof.auK.ekdif; xkuf,bkdof:whm/ e[:eh. rD:qof;Oldofqkdif;(1981)? ohm: eef. rD:qof;OSifpmef? qof;qmrfuK:? qof;ykdef:wh: qldof:eh. xkuf,vgrfbkdof: whme[:uAif:rh,/ qof;qmrf,vAuf:(xkuf,bkdof:wD;cK:pmef aq<oAif:sr;Mif;Ogef)/ rldof;eef. zl;b[,ulef:vlif qldof:yldef;trf,wldof.aOvgwf;uGK,eef. rD:qof;qmif. (bgifNnf;)wif:qof;OSifOkduf: zl;tgefNofuof,sv; zl;erf:e[:uof,( SSPP/SSA)qldof:eh./

tgefeK;eef. rldof;e[:yD< 1976 wmif:qof;Okduf:qmrf,rldif:cof ckdef;bdkwf:trf: emwf;e[:yK,wD,aO zl;b[,ulef:vlifvhmqof; vh;ukdwf:vkdof;umef/ ohm:eef. ulef:vlifuof,e[:iof;ikef:yK,wD,r[,Okifqkdif;wh:qldof:eh. xkuf,vgrfbkdof:whm e[:rldif: xh:/ vgif;eh. z[trf,z[auK;vmwf;oK; yAeferf.rkdof: SUA cgifqkrf:qof; ckefOK,tgefNof/ uAof,uyf:vgif;eh. tgefwmif:qof;ckefOK,vmwf;oK; qof;Okduf: qmrf,rldif:cof rK:tSof,bArf;pof:sw. q[;bl,/ ulnf:uK; z[tgefrK:eh z[trf, xmrfcK;vK, oK;eh(rldof;eef. cK;oK; qof;eK;wD;xh:tgefrK:? c[;qD.seoK;yAef erf.rkdof:xh:)/ ulnf:uK; ohm:rK: qof;ckefOK, vmwf;xSif;oK; uAof,uyf:vgif;ulef: vlifqldof:eh. phmvhmuGK,eh. ref:yAefqldif.pdkofvhmvhm? rldof;q[xkdifwD;bldif:rhmpof:? pof:vh;omef;vh;rldif:ckdef:bof. qif,ugh;ykdwf,vmwf;? qif,ugh;Oyf:vSif:seoK;eh (urf:eh.Orf. c[;ygif,oK; wkdef:yAeferf.rkdof: SUA)/

vgif;qldof:eh. tdifeldofulef:vlifuof, e[: MTA auK.ekdif;(tefbmrf;pmyf,umef e[: MTA)wif:ulef:vlifuof, e[:SSPP/SSA auK.ekdif; rK:Nyf.xlyf:uefaO tkyf,ch;aeuef wD:zguf;ymifukrfwlef;wD:(ymifukrfOmrfaq<rldif: wh:-bmif:vSif- rgef:)tefqwf:ylef.rK: rldof;oef:wD; 21-23-09.2013/

ulef:vlifuof, e[:MTA ch;aeckdef:oK; e[:yD 1995 ohm:aOumef:bgwf;zkdef. ohm, MTA bof. e[:Nofrldif: rD:umefckdef:sr:auK,wif; auKygifumefiof;ikef:yldof; wK,tofvhm:Nrf;Mrf:uefaO tgefNof? qof;uef:qAwf:yAefNofyof;? zl;cof;yK: rD:qof;'K.vifwif: qof;cGmefrldif:qldof:eh./ rldof;eef. MTA yh,omif:cldif;yef qkrf:Okduf:rmef</ rldof;eef. qof;'K.vif(qmif:Ol:cBLdef)tefyAefuSrfqgrfpmef (MTA)ykdwf,zldnfoK; uAof,uyf:vgif;ulef:vlif SSPP/SSA vhmvhmauK. whmuGK, eef. ref:yAeferf.rdkof:cgif SUA aw./ bgef.yldof;oK;rldof;yD< 1969 qof; ckefOK, xkuf,qkrf:Odkuf:rmef<wD.ngyf:? ayK:nK:wD.ngyf:bof.auK; wmif: SUA trf,rD:wD;ykdif;wD;tdif yldof;wK,qkuf:ref;uGK,/
rldof;eef. qof;'K.vif(qmif:cBL:cBLdef)? qof;vSif:qkdef;(vSBif,qkif:bdif:)Ogif auK.eh. ugyf;yAefulef:uof, e[:wyf.Okduf:sc,zlduf,( KMT)aOrK:yAefzl;tof cmof,yefwyf.Okduf: KMTawK,xkdif 1993 tgefwmif:yh,omif:cldif; OgifOmrfyD</ vgif;tefvh;bkdof:whm ulef:vlif SSPP/SSA eef. rldof;eef. ugyf;pof:cK; bl,yK;w[; acK;qD.Oifxh,oef(sc,zlduf,)sv; pof:trf,qmif<pAwf:pkdof? uK;vh; pAwf:qgrf:acK;qD.Oif,oK;eh/

ugyf;Oifvh;bkdof:whmeef. bgef.yldof;oK:wmif:wyf.Okduf:qkdif;wh:(SSA)cof wD. ngyf:vh; Ohmvyf.cgifsc,zlduf,( KMT)yK:wif:zkdefvduf;zkdefvhm: tefwSrf;oh. vduf;sc,wif:OAif;/ zgif:eef. SSPP/SSA Orf.yAeftlnf:vDuef wif: yuy(yK,wD,cgrf,rdof,edwf.rldif:rmef<)aO tofvduf;vhm:wif:rlwf: rgyf;yefwD; yuy? yuyOrf.Okdyf,tofrgyf;yefsc,(sc,vSif)/ ayK:eef. e[:vduf;vhm:eef. eSif;umef_cldof:chm, cgifsc,zlduf, e[:rldif:sc, yAefz[vhmvhm/ rD:wD;v[vhmvhm 'hm, sc,vSifN.uGK,rlwf:/ Ohmvyf.KMTqldof:rD:e[:rldif:sc,auK; nK:wD.ngyf:uGK,vhmauK.? pAwf:P;umefOhmvyf.cgifsc,zlduf, vl.ughuGK,urf:vAof/

ohm:rK: wmif:xh,oef(sc,zlduf,)ckdef:clef.pKildef;iof;ref:aO N.oK;vkuf.wD;SSA rK:? wmif:xh,oef qif,qD.Oif,wD; SUA P;tofvldif;ulef:vlifSSA? zgif: eef. SUA auK; trf,qmif<pAwf:pkdof? uK;vh;pAwf:qgrf:/ rldof;eef. atK:qK, cgifxh,oef Okifoh./ Nrf,irf:yK:e[:rldif:xh:urf;zgif;oK;eh/ uAof,uyf:vgif;eh. wmif: qof;uhm,'K.auK; vmwf;oK; q[;aw./ ref:yAef zgif:pof:cK;wkduf.bkdof:uef wif: qkrf:Okduf:rmef</ ulnf:uK; tefbkdof:uefwif:Okduf:rmef<aO wD.vh;Ohmvyf.sc, zlduf,? Nyf;bkdwf:vh; zkdefvduf;zkdefvhm:sc,zlduf,qldof:eh. trf,q[;wyf.uofcK;? yAefwyf.cgifqof;Oldofekrf, wyf.qkrf:(1)? yAefeldofwmif:uK:vK;OAof; e[:su;umif wmif.bmef: wif:vK;OAof;/ vgif;eh. 'hm,Okduf:wh:y[.bkdof:uK:Okduf:rmef<aO Nyf; bkdwf:vh;? trf,xmif,trf,xldrfaO bkdwf:vh;ulnf:/ N.aOuGK,bkdof:sv;bkdwf:vh; trf,q[;/ ulnf:uK; ref:yAefuK:Okduf:rmef<ehsv; y[.bkdof:ulnf: Orf.yK:rK:Ohm vyf.sc,zlduf,qgrf: oK;eh/

vgif;eh. uK;ylef.rK: rD:ulef:urf;erfxmif,xldrfoK; SUA yAefOhmvyf.rmef<? rmef<qmif;cofpAwf:/ ulnf:uK; ref:trf,q[;? wD;aw.ref: yAefuGmrf:Oif,sc, zlduf,xhoef oK;ehbof./

vkuf.wD;tofrK:-OSefyhm:? Ogh.(1)? rhm(6)? eK;vduf; 10/

Sunday, November 3, 2013

ယနေ့တိုင် မေ့မရသည့် ကမ္ဗောဇတစ်ခွင် စာပေခရီးစဉ်(လင်းယုန်မောင်မောင်)


(၁)

၂၀၀၀ ပြည့်နှစ် ဧပြီလဆန်းလောက်က လားရှိုးမြို့ ၀င်းနိုင်စာပေမှ(ဦး)ကိုဘိုနီ ကျွန်တော့်အိမ် ရောက်လာသည်။ ထိုအချိန်က ကျွန်တော်သည် အသက် ၇၆ နှစ်ပြည့်မြောက်သည့်အထိမ်းအမှတ်မွေး နေ့အခမ်းအနားအတွက် မုံရွာ(ကျွန်တော့်ဇာတိရပ်မြေ)သို့ ရောက်နေသဖြင့် ကိုဘိုနီကို မတွေ့လိုက်ရ ဘဲ လူချင်းလွဲသွားခဲ့သည်။ ကိုဘိုနီမှာလည်း သဘောကောင်း၍ လူအေးတစ်ယောက် ဖြစ်သည့်အ လျောက် လမ်းကြုံ၍ ၀င်နှုတ်ဆက်သည့်သဘောမျိုး ပြောသွားခဲ့သည်။

          အမှန်စင်စစ် နောက်မှသိရသည်မှာ ကိုဘိုနီသည် ယခုအခါ လားရှိုးမြို့နယ် စာပေနှင့်စာနယ် ဇင်းအဖွဲ့ဥက္ကဋ္ဌအဖြစ် ဆရာဝန်ကြီးကမ္ဗောဇနေရာတွင် ၀င်လုပ်နေရသဖြင့် သူ ဥက္ကဋ္ဌဖြစ်နေခိုက် လား ရှိုးမြို့နယ် မဂ္ဂဇင်းတစ်အုပ်ထုတ်ဝေရန် ရန်ကုန်သို့ စာမူတောင်းရင်း ဆင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ် က ထိုအကြောင်းကို လုံးဝမသိရ။ နောက်မှ ထိုအကြောင်းကို သိရသဖြင့် စိတ်မကောင်းဖြစ်သွားပြီး ကိုဘိုနီထံ စာရေး၍ မဂ္ဂဇင်းထုတ်ရန် စာမူလာတောင်းခြင်းဖြစ်ပါက စာကလေးတစ်စောင်တော့ ရေး ပေးထားခဲ့ဖို့ လိုပါသည်။ ထိုသို့သာ ရေးပေးထားခဲ့ပါက လားရှိုးမဂ္ဂဇင်းအတွက် ဆောင်းပါးတစ်စောင် ကျွန်တော် မဖြစ်ဖြစ်အောင် ရေးပေးမည့်အကြောင်း သူ့ထံ အပြစ်တင်စာ ရေးလိုက်သည်။

          များမကြာမီ ကျွန်တော့်ထံသို့ လားရှိုးမဂ္ဂဇင်းရောက်လာသောအခါ ကျွန်တော်မှာ ထိုမဂ္ဂဇင်းကို ကြည့်ပြီး အကြီးအကျယ် စိတ်မကောင်းဖြစ်ကာ ၀မ်းနည်းသွားမိသည်။ ကမ္ဗောဇဆရာကြီးဦးခင်လှိုင်မှ အစ ကိုဘိုနီအပါအ၀င် လားရှိုးစာပေသမားများ စုပေါင်းရေးသားထုတ်ဝေကြသည့်မဂ္ဂဇင်းတွင် လားရှိုး နှင့်အရင်းနှီးဆုံးပုဂ္ဂိုလ်ဟု ကျွန်တော့်ကိုယ်ကျွန်တော် ယူဆထားသည်ဖြစ်ရာ လားရှိုးမဂ္ဂဇင်းတွင် ကျွန် တော်ရေးသားသည့်ဆောင်းပါး မပါသည့်အတွက် "အင်္ဂါမစုံ"ဟူ၍ပင် ကျွန်တော် ယူဆမိသည်။

          ယခုကဲ့သို့ ကျွန်တော်၏ဒုတိယဇာတိမြို့ဟူ၍ပင် ဆိုနိုင်သော လားရှိုးမှ စာပေအကျိုးတော် ဆောင် ရန်ကြီးအောင်ကိုမြင့်မောင်တစ်ယောက် ပေါက်ချလာပြီး လားရှိုးစာပေနှင့်စာနယ်ဇင်းအဖွဲ့မှ လားရှိုးမဂ္ဂဇင်းအမှတ်(၂)ထုတ်ဝေမည်ဖြစ်၍ ဆောင်းပါးတောင်းခဲ့သည့်ကိုဘိုနီ့စာနှင့်ဆရာကြီးကမ္ဗောဇ ခင်လှိုင်၏ကျွန်တော့်ကျန်းမာရေးအတွက် စိုးရိမ်ပူပန်စွာဖြင့် စာရေးကာ လက်ဆောင်ပစ္စည်းများရောက် လာခဲ့ရာ လားရှိုးမဂ္ဂဇင်းအမှတ်(၂)အတွက် ကြိုးစားပမ်းစား အားရပါးရဖြင့် ဤဆောင်းပါးကို ရေးလိုက် ရပါသည်။

(၂)
          သိန္နီနဲ့လားရှိုးက ရွာမိုးအုန့်ဆင်
          ခါမိုး မဟုတ်မထင် ရွာမိုးအုန့်ဆင်…
          ကျွန်တော် ၉ နှစ်သား ၁၀ နှစ်သားအရွယ် ငယ်စဉ်ကပင် လေဘာတီမမြရင်၏အထက်ပါသီ ချင်းကလေးကို မကြာခဏ အော်ဆိုခဲ့ဖူးသည်။  စာသားအဖွဲ့အနွဲ့ကောင်းသလောက် ရှမ်းရိုးရာအိုးစည် သံနောက်ခံဖြင့် သီဆိုတီးမှုတ်ထားသော ထိုသီချင်းကလေးကို အော်ဟစ်သီဆိုရင်း ကျွန်တော်သည် သီပေါ၊ သိန္နီ၊ လားရှိုးစသော မြို့များကို မြန်မာပြည်မြေပုံပေါ်တွင် မည်သည့်နေရာတွင် ရှိမှန်းမသိမီက ပင် လွမ်းမောဖွယ်ရာ ကမ္ဗောဇဌာနေကို စိတ်ကူးဖြင့် မှန်း၍ လွမ်းခဲ့မိသည်။ သို့သော် ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းကလေးပါဟူသော ဆိုရိုးစကားအရ ယခင်ငယ်စဉ်က ဘယ်နေရာ ဘယ်ဌာနေတွင် ရှိမှန်း မသိရသေး။ ရှမ်းပြည်နယ်မြောက်ပိုင်း ကမ္ဗောဇနယ်မြေသည် စာရေးဆရာဟူသောအရှိန်အ၀ါကြောင့်  တစ်ခါတစ်ခေါက် ရောက်ခွင့်ရခဲ့သည်။ ထိုစဉ်က စာရေးဆရာ သတင်းစာဆရာ အထောက်တော်လှ အောင်၊ ဆရာဦးဖေချစ်(တွင်းသင်းစာဆို)နှင့်ကျွန်တော်တို့ ၃ ယောက်သာလျှင် ဖြစ်သည်။ သို့သော် အခြေအနေပေးသဖြင့် ဝေးခေါင်သီလံသည့်ကျောက်မဲဟောပြောပွဲမှတစ်ဆင့် နမ္မတူကို ဖြတ်၍ ဘော် တွင်းအထိ သွားရောက်ဟောပြောခဲ့သည်။ သို့သော် ကံမကောင်း အကြောင်းမလှသဖြင့် ကျွန်တော် ရောက်ဖူးချင်လှသော သိန္နီ လားရှိုးသို့ မရောက်ခဲ့ရပဲ ရန်ကုန်မှ စာနယ်ဇင်းတာဝန်များကြောင့် လားရှိုး နှင့်သိန္နီကို နီးလျက်နှင့်ဝေးခဲ့ရသည်။ ထိုအချိန်မှာ ၁၉၈၀ ပြည့်ဝန်းကျင်ဖြစ်သည်။

(၃)
          သို့ပါသော်ငြား လားရှိုးနှင့်ကျွန်တော်သည် ကာလကြာမြင့်စွာ ရှောင်တိမ်း၍ မရပါ။ နှစ်ရှည်လ များ ရှောင်ရှား၍မရပါ။ အချိန်အခါနှင့် ခေတ်စနစ်၏တောင်းဆိုချက်အရ မြန်မာနိုင်ငံတစ်နိုင်ငံလုံး စာ ပေဟောပြောပွဲများ အုံးအုံးကြွက်ကြွက် တခဲနက် ကျင်းပလာသည့် ၁၉၈၀ ပြည့်နှစ်များတွင် ဆရာကြီး ကမ္ဗောဇခင်လှိုင်၏ဦးဆောင်ဦးရွက်ပြုမှုဖြင့် လားရှိုးမှစာပေသမားများသည် စာပေဟောပြောပွဲများကို နှစ်စဉ်ရက်ဆက်ကျင်းပလာခဲ့ရာမှ ပဋ္ဌာန်းဆက် မကုန်သေးသော လားရှိုးနှင့်ကျွန်တော်ဆရာစာပေ ဟောပြောပွဲကို အကြောင်းပြု၍ ပြန်လည်ဆုံစည်းမိကြသည်။

          ထိုစဉ်က လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် မကြာခဏ အောင်မြင်ဆောင်းပါးများရေး သားပြုစုနေသော ဆရာကြီးကမ္ဗောဇခင်လှိုင်သည် လားရှိုးမြို့နယ် စာပေလုပ်သားဥက္ကဋ္ဌအဖြစ် ရန် ကုန်မှ စာရေးဆရာများကို အလှည့်ကျဖိတ်ကြား၍ ကမ္ဗောဇတစ်ခွင်တွင် စာပေဟောပြောပွဲများကို နှစ် စဉ်ကျင်းပခဲ့ရာမှ လုပ်သားနေ့စဉ် အယ်ဒီတာချုပ်ဦးလှမြိုင်၏အစီအစဉ်ဖြင့် ၁၉၈၃ ခုနှစ်တွင် ကျွန် တော်သည် ငယ်စဉ်ကပင် ရောက်ဖူးချင်လှသော "သိန္နီနဲ့လားရှိုး"သို့ ရက်ရက်ထိရောက်ခဲ့ရပါသည်။

          မရောက်ခင်က ရောက်ချင်လှ၍ အကြိမ်ကြိမ် အဖန်ဖန် ဆုတောင်းခဲ့၍လားမသိ၊ လားရှိုးသို့ ရောက်မည့်ရောက်တော့(အယ်ဒီတာချုပ်ဦးလှမြိုင်)နှင့်ဆရာကြီးကမ္ဗောဇခင်လှိုင်တို့ဖုန်းဖြင့် ဆက် သွယ်၍ သွားရေးလာရေး လေယာဉ်လက်မှတ်ရရေးများကို စီစဉ်ကြပါသည်။ ဤတွင် ဆရာကြီးကမ္ဗော ဇခင်လှိုင်က အမျိုးသမီးစာရေးဆရာတစ်ယောက်ပါအောင် ခေါ်ခဲ့စေချင်သည်ဟုမေတ္တာရပ်ခံသဖြင့် ထို စဉ်က ချင်းတွင်းပုံနှိပ်တိုက်တွင် ကျွန်တော်နှင့်နေ့စဉ်ဆုံတွေ့နေကြသောတက္ကသိုလ်မြစိမ်းကို ဆွေးနွေး မေတ္တာရပ်ခံ၍ ခေါ်ခဲ့ရသည်။ ပို၍အဆင်ပြေသည်မှာ တက္ကသိုလ်မြစိမ်းသည် ထိုနှစ်က အမျိုးသားစာ ပေ(၀တ္ထုရှည်)ဆုကို "နောက်တိုး"၀တ္ထုဖြင့် ဆွတ်ခူးရရှိထားသဖြင့် ပို၍ကျေနပ်စရာ ဖြစ်ခဲ့ရသည်။

          သို့သော် နတ်တော်လဆန်းတစ်ရက်နေ့တွင် ဆုပေးပွဲသို့ တက်ရန် ရှိနေခဲ့ရာ လားရှိုးမြို့မှစာပေ ဟောပြောပွဲမှာလည်း ထိုနေ့တွင်မှ ကျင်းပပြုလုပ်ရန် စီစဉ်ထားသဖြင့် လားရှိုးဟောပြောပွဲသို့လိုက်ကြ မည့်ဟောပြောပွဲအတွက် ဆရာသိပ္ပံမှူးတင်နှင့်ဆရာဌေးမောင်တို့က တစ်ရက်စော၍ သွားနှင့်ကြပြီး ကျွန်တော်က တက္ကသိုလ်မြစိမ်းကို တစ်ရက်စောင့်၍ နောက်တစ်နေ့တွင်မှ လေယာဉ်ဖြင့် လိုက်ပါသွား ကြရသည်။

          ပထမနေ့က ဟောပြောပွဲ ကျင်းပထားသဖြင့် နောက်တစ်နေ့ ကျွန်တော်နှင့်တက္ကသိုလ်မြစိမ်း တို့ ရောက်သွားသောအခါ လားရှိုးမြို့တွင် ဟောပြောပွဲမပြုလုပ်တော့ဘဲ ခေတ္တခဏအနားယူကာ နမ္မ တူသို့ကားဖြင့် ထွက်ခွာလာခဲ့ကြပြီး နမ္မတူမှာပင် ဟောကြပြောကြရပါသည်။ ယခင် ပထမအခေါက် နမ္မတူသို့ အထောက်တော်လှအောင်တို့နှင့် ရောက်ခဲ့စဉ်က နမ္မတူမြို့ထဲသို့ မရောက်ခဲ့ရသော ကျွန် တော်သည် ယခုတစ်ခေါက်တွင်မှ မြို့ထဲသို့ အကျအနရောက်ခဲ့ရပါသည်။ (တစ်ခုသိသာရန်မှာ ကျွန် တော်တို့ မြေပြန့်တွင် နမ္မတူဘော်တွင်းဟူ၍ တွဲခေါ်နေကြသော်လည်း အမှန်မှာ နမ္မတူနှင့်ဘော်တွင်း တို့မှာ တစ်မြို့စီဖြစ်၍ တစ်မြို့နှင့်တစ်မြို့မှာ ၇ မိုင်ခန့်ကွားဝေးပါသည်။) ထို့ပြင် နမ္မတူမြို့သည် စက်မှု မြို့တစ်မြို့ဖြစ်အဖြစ် ခန့်ညားသားနားလှသလို ဘော်တွင်းမြို့မှာလည်း မြန်မာနိုင်ငံတွင် ဤလိုမြို့မျိုး တစ်မြို့တည်းသာရှိသည်ဟု ဆိုနိုင်ပါသည်။

          လားရှိုးမြို့သို့ ပထမဆုံးအခေါက် ရောက်ခဲ့ရသည့်စာပေဟောပြောပွဲမှာ တစ်သက်တာ မေ့မရ နိုင်စရာခရီး ဖြစ်ခဲ့သည်။ ထိုရောက်မှ ကျွန်တော် သိရသလောက် လားရှိုးမြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၏တိုင်းမြို့တော်ဖြစ်သည့်ပြင် ဆရာဝန်ကြီးကမ္ဗောဇခင်လှိုင်၏ဆရာဝန်ကြီးဟူသောဂုဏ် သိက္ခာနှင့်စာပေလုပ်သားဟူသောဂုဏ်အရှိန်အ၀ါကြောင့် မြောက်ပိုင်းရှမ်းပြည်နယ်မှ မြို့ကြီးများ စု ပေါင်း၍"၀ိုင်းကြီးချုပ်စည်"ဖြင့် ပြုလုပ်သော စာပေဟောပြောပွဲဖြစ်ရာ လားရှိုးမြို့တော်နှင့်တကွ အထက်ပိုင်းမှ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းစသည့်နယ်စပ်မြို့များအထိ ရှည်လျားထွေပြားလှသည်။ သို့ဖြစ်၍လည်း ကျွန်တော်တို့သည်သာ သာမန်အရပ်သားအနေဖြင့် လုံးဝမရောက်နိုင်သော လုံးဝ ရောက်ခဲလှသော ကမ္ဗောဇတစ်ခွင် ပြဲပြဲစင်အောင် လှည့်လည်ဟောပြောခဲ့ကြသည်။

(၄)
          ကျွန်တော်တို့သည် နမ္မတူဘော်တွင်းမှ ပြန်ရောက်ခဲ့ကြပြီး ဆေးရုံကြီးတွင် ကျွန်တော်တို့အ တွက် အထူးစီစဉ်ထားသည့်အခန်းများထဲတွင် ညအိပ်၍ နောက်တစ်နေ့ နံနက်စောစောတွင် ဘတ်စ် ကားကြီးတစ်စီးဖြင့် သိန္နီကွတ်ခိုင်ဘက်သို့ ခရီးဆက်ခဲ့ကြပါသည်။ ဟိုဘတ်စ်ကားကြီးတွင် လားရှိုးပြည် သူ့ဆေးရုံကြီးမှ သူနာပြုများ၊ ဆရာဆရာမများ ကားတစ်စီးလုံး အပြည့်လိုက်ပါလာကြသည်ဖြစ်ရာ တကယ်ပျော်စရာ ခရီးထွက်လာကြသလို ဖြစ်ခဲ့ရသည်။ ယမန်နေ့က နမ္မတူဘော်တွင်းသို့ ဆရာကြီး ကမ္ဗောဇ မလိုက်နိုင်သော်လည်း ယခုသိန္နီ ကွတ်ခိုင်ခရီးကိုမူ ဆရာကြီးကိုယ်တိုင် လိုက်ပါလာ၍ ဂရုတ စိုက်စောင့်ရှောက်ခဲ့သည်။

          မူဆယ်တွင်လည်း မြို့ခံပါတီကောင်စီလူကြီးများကလည်း ကျွန်တော်တို့ စာရေးဆရာအဖွဲ့နှင့် ဆရာကြီးကမ္ဗောဇခင်လှိုင်၏ကျန်းမာရေးအဖွဲ့အား လိုလေသေးမရှိ ကျွေးမွေးပြုစုစောင့်ရှောက်ကြ သည်။ ထိုညက ကျွန်တော်နှင့်ဌေးမောင်သည် စီစဉ်ထားသောဧည့်ရိပ်သာတွင် မအိပ်ဘဲ ရွှေလီမြစ် ကမ်းနဖူးရှိ ဘိုတဲတစ်ခုတွင် အခြားလားရှိုးစာပေသမားများနှင့်အတူ အိပ်ကြသည်။ ညဘက်တွင် မြစ် ကမ်းနဖူးတွင် ထိုင်၍ စကားပြောကြရင်း နောက်တစ်နေ့ မနက်စောစော ရွှေလီမြစ်ကို ဖောင်ဖြင့် ဖြတ် ၍ တရုတ်ပြည်ဘက်သို့ ခေတ္တရောက်ဖူးတယ်ဆိုရအောင် အလည်အပတ်သွားဖို့ စီစဉ်ထားကြသည်။ ယင်းအစီအစဉ်အတိုင်း ဆရာကြီးကမ္ဗောဇခင်လှိုင်၏တပည့်ရင်းဖြစ်သော မောင်ပင်နီ(ကျေးလက်)၏ ခေါင်းဆောင်မှုဖြင့် ရွှေလီမြစ်ကို ဖြတ်၍ တရုတ်နိုင်ငံတွင်းသို့ ရောက်ခဲ့ကြသည်။

          မူဆယ်ဟောပြောပွဲအပြီး နောက်တစ်နေ့တွင် ဈေးနေ့ဖြစ်သဖြင့် ဈေးထဲတွင် တိုလီမိုလီများ လျှောက်ဝယ်ပြီး နမ့်ခမ်းသို့ နံနက်စာ စားပြီးချိန်တွင် ထွက်လာခဲ့ကြသည်။ ထိုခရီးစဉ်၏ထူးခြားချက်မှာ မြန်မာရာဇ၀င်တွင် ထင်ရှားလှသည့်ရှင်မွန်လှ(စောမွန်လှ)၏ဆယ်လန့်ရွာကလေးသို့ ၀င်ရောက်လေ့ လာခဲ့ကြခြင်းပင် ဖြစ်သည်။ ရှင်မွန်လှ၏ရုပ်ရည်မှာ မည်မျှချောမောသည် မတွေ့မမြင်ဖူး၍ မသိခဲ့ရ သော်လည်း အဆိုပါရွာမှ လုံမပျိုလေးများမှာ အားလုံးအချောအလှကလေးတွေ ဖြစ်နေသည်ကို ကျွန် တော်တို့အားလုံး သတိပြုခဲ့ကြသည်။

          ထိုနေ့က သောင်းကျန်းသူများ လှုပ်ရှားနေသဖြင့် ကျွန်တော်တို့ စာရေးဆရာများ မရောက်လာ ကြတော့ဟုယူဆကာ နမ့်ခမ်းမြို့တာဝန်ခံများက ဟောပြောပွဲအစီအစဉ်ကို ဖျက်သိမ်းထားခဲ့ကြရာ ကျွန်တော်တို့ရောက်သွားပြီး ညနေ ၆ နာရီလောက်တွင်မှ ကတိုက်ကရိုက် ဂျစ်ကားဖြင့် လှည့်လည်၍ ဟောပြောပွဲ ကျင်းပမည့်အကြောင်း လှည့်လည်ကျေညာခဲ့ရသည်။ ထိုညက ထိုသို့ ရုတ်တရက် ကမန်း ကတန်း စီစဉ်လိုက်ရသော်လည်း ဟောပြောပွဲမှာ ပရိသတ်အထူးစည်ကားလှပါသည်။ ဟောပြောပွဲ တာဝန်ခံများကလည်း ပရိသတ် ဤမျှများပြားမည် မထင်သဖြင့် လူ ၅၀၀ ခန့်အတွက်သာ နေရာထိုင် ခင်း စီစဉ်ထားခဲ့ရာ ပရိသတ်မှာ ၁၀၀၀ ကျော် ၁၅၀၀ ခန့်ဖြစ်နေပါသည်။

          နမ့်ခမ်းတွင် ကျွန်တော် အမှတ်တရဖြစ်ခဲ့သည်မှာ အင်္ဂလိပ်လူမျိုး သာသနာပြုဆရာဝန်ဒေါက် တာဆီးဂရေ့စ်တည်ဆောက်ခဲ့သော ဆေးရုံကြီးပင်ဖြစ်သည်။ ထိုဆေးရုံကြီးတစ်ခုလုံးမှာ အုတ်များ ဖြင့် ဆောက်လုပ်ထားခြင်း မဟုတ်ပဲ ကျောက်တုံးများကို စနစ်တကျစီ၍ ဆောက်လုပ်ထားခြင်းဖြစ်ရာ အံ့ဖွယ်တနန်း ဖြစ်ခဲ့ရသည်။

(၅)
          နောက်တစ်နေ့နံနက်တွင် ဈေးနေ့ဖြစ်နေသဖြင့် ဈေးထဲသို့ တပျော်တပါး ရောက်သွားကြပြီး နံနက်စာကို ဈေးထဲမှာ ရှမ်းရိုးရာအစားအစာများဖြင့် စားသောက်ခဲ့ကြပါသည်။ အချိန်မရသဖြင့် နံနက် ၈ နာရီသာသာခန့်တွင် ဘတ်စ်ကားကြီးဖြင့် ခရီးဆက်ခဲ့ကြရာ ဗျူဟာလမ်းအတိုင်း တောင်ပေါ်မှ ကား မောင်းလာခဲ့ကြသည်။

          ကွတ်ခိုင်သို့ ရောက်သောအခါ ကျွန်တော်တို့မှာ အနားယူချိန်မရတော့ဘဲ ဟောပြောပွဲကျင်းပ ရာခန်းမဆောင်ကြီးအတွင်းသို့ တန်းဝင်ကြရပါတော့သည်။ အဘယ်ကြောင့်ဆိုသော် ကွတ်ခိုင်မှမြို့လူ ထုနှင့်လူငယ်များမှာ စာရေးဆရာများ ရောက်လာမည်ဆို၍ နံနက် ၁၀ နာရီခန့်ကပင် လည်တဆန့်ဆန့် ဖြင့် စောင့်မျှော်နေကြရာ ကျွန်တော်မှာ များစွာအားနာသွားကြရပါသည်။

          ကွတ်ခိုင်တွင် ဟောပြောပွဲမစမီ ပြဿနာတစ်ခုကို ဖြေရှင်းခဲ့ရသေးသည်။ အခြားမဟုတ်ပါ။ ကွတ်ခိုင်မြို့နှင့်မလှမ်းမကမ်း(၃ မိုင်ခန့်အကွာ)တွင် လေတပ်အုပ်စုတစ်စုရှိရာ ထိုလေတပ်မှ ရဲဘော် များကလည်း သူတို့စခန်းတွင် လာရောက်ဟောပြောရန် ဖိတ်ကြားကာ အစီအစဉ်ပြုလုပ်ထားကြခြင်း ပင် ဖြစ်သည်။ အချိန်ကလည်း မရ၊ လားရှိုးပြန်ရောက်လျှင် သီပေါသို့ ဟောပြောပွဲဆက်ရဦးမည်ဖြစ် သည်။ သို့သော် ပြည်မနှင့်အလှမ်းကွာလှသည့်ပြည်နယ်တွင် တိုင်းပြည်တာဝန်ထမ်းဆောင်နေကြရ သည့်ရဲဘော်များ၏အလိုဆန္ဒကိုလည်း ဖြည့်ဆည်းပေးလိုကြသဖြင့် တက္ကသိုလ်မြစိမ်းနှင့်ဌေးမောင်တို့ ကွတ်ခိုင်တွင် ရှေ့မှ ဟောပြောခိုင်းပြီး သူတို့ဟောပြောနေခိုက် သိပ္ပံမှူးတင်နှင့်ကျွန်တော်နှစ်ယောက် က ကွတ်ခိုင်လေတပ်တပ်စုစခန်းသို့ ကားတစ်စီးဖြင့် ဒရကြမ်းမောင်းသွားပြီး အချိန်ရသလောက် ဒရ ကြမ်းဟောခဲ့ပြောခဲ့ကြရပါသည်။

(၆)
          ကျွန်တော်တို့၏ကမ္ဗောဇတစ်ခွင် စာပေဟောပြောပွဲခရီးစဉ်မှာ ဤမျှဖြင့် မပြီးဆုံးသေးပါ။ ထိုနေ့ က ကွတ်ခိုင်တွင် ဟောပြောခဲ့ကြပြီး ဆက်လက်ထွက်ခွာလာခဲ့ကြရာ သိန္နီအရောက်တွင် ကျွန်တော် နှင့်သိပ္ပံမှူးတင်တို့ နောက်ချန်နေရစ်ခဲ့ရသည်မှာ အသွားတုန်းက စာပေဟောပြောပွဲ ပြုလုပ်ခဲ့ရာ ထိုစဉ် က ကျွန်တော် မပါသဖြင့် ကျွန်တော်၏ဟောပြောချက်ကို သိန္နီပရိသတ်က ကြားလိုသဖြင့် ထိုသို့ နောက်ချန်နေခဲ့ရခြင်း ဖြစ်ပါသည်။ ဤတွင် ကျွန်တော်အတွက် အဖော်ရစေရန် သိပ္ပံမှူးတင်က သူပါ နေရစ်ခဲ့မည်ဟုဆိုကာ ကျွန်တော်တို့နှစ်ယောက် ဟောပြောခဲ့ကြရသည်။
          သိန္နီဟောပြောပွဲတွင် ကျွန်တော် မမေ့နိုင်သည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်က လူငယ် တစ်ယောက်အနေဖြင့် စွဲလမ်းနှစ်သက်၍ တသသ ဖြစ်ခဲ့ရသော လေဘာတီမမြရင်၏"သိန္နီနဲ့လားရှိုးက ရွာမိုးအုံ့ဆင် ခါမိုးဟုတ်မထင်"ဟူသော ခေတ်ဟောင်းသီချင်းကို ကာယကံမြောက် သီဆိုဟောပြောခဲ့ ခြင်း ဖြစ်သည်။ သိပ္ပံမှူးတင်ကလည်း တယောပြားလေးတစ်လက်ဖြင့် သူ ငယ်စဉ်က ကြိုက်နှစ်သက် သော သီချင်းများကို အားရပါးရ သီဆိုပြခဲ့ရာ ကျွန်တော်တို့ ဟောပြောပွဲမှာ စည်စည်ကားကား မြိုင် မြိုင်ဆိုင်ဆိုင်ဖြင့် ပျော်စရာ ကောင်းလှသည်။

(၇)
          သီပေါဟောပြောပွဲတွင် ကျွန်တော်တို့ ၄ ယောက်စလုံး ဟောပြောခဲ့ရာ ၂ နာရီကျော် ၃ နာရီ နီးပါးမျှ ကြာသွားခဲ့သည်။ သည်အထဲတွင် ထုံးစံအတိုင်း နောက်ဆုံးပိတ် အိတ်နှင့်လွယ်တတ်သော သိပ္ပံမှူးတင်က တစ်နာရီနီးပါးမျှ ကျောင်းသူကျောင်းသားအများစုဖြစ်နေသော ပရိသတ်အား စာပေ ဗဟုသုတလိုက်စားရန်နှင့်ပညာကို ငယ်စဉ်ကပင် ရှာဖွေသင့်ကြောင်း ကိုယ်တွေ့ဖြစ်ရပ်များဖြင့် ဟော ပြောသွားခဲ့ရာ အားလုံးကပင် စိတ်ဝင်တစား နားထောင်ခဲ့ကြသည်။

          ကျွန်တော့်အဖို့မူ ငယ်စဉ်ကပင် သီပေါဘုရင်၊ သီပေါစော်ဘွားဟူသောအမည်များကို ကြားဖူး နားဝရှိနေသဖြင့် သီပေါကို စိတ်ဝင်စားခဲ့ရသည်။ သို့သော် အချိန်မှာ ညဥ့်နက်လှပြီဖြစ်၍ ၉ နာရီကျော် မှ ဟောပြောပွဲပြီးဆုံးသွားခဲ့ရာ မြို့တွင်းမြို့ပြင် လေ့လာရန် မပြုလုပ်နိုင်ပဲ ဖြစ်ခဲ့ရသည်။ ကျွန်တော် သည် သီပေါမှ ည ၁၀ နာရီခန့်မှ ပြန်ခဲ့ကြပါသည်။

          လားရှိုးမြို့ တည်းခိုရာအခန်းသို့ ရောက်သောအခါ ညဥ့်သန်းခေါင်နီးပါး ရှိနေပြီဖြစ်၍ ကျွန် တော်တို့အားလုံးသည် အ၀တ်အစား အထုပ်အပိုးများကို ကတိုက်ကရိုက် သိမ်းဆည်းထုပ်ပိုးကြရပါ သည်။ အဘယ်ကြောင့်ဆိုသော် နက်ဖြန်နံနက်ထွက်မည့်လေယာဉ်ဖြင့် ရန်ကုန်သို့ အပြီးပြန်ကြရန် စီ စဉ်ထားသောကြောင့်တည်း။

(၈)
          ငယ်စဉ်ကပင် လားရှိုးကို မှန်းဆတမ်းတ၍ ရောက်ဖူးချင်လှသော ကျွန်တော်သည် "ရောက်စ ရှိလျှင် ရောက်ချင်ချင်"ဟူသောစကားအတိုင်း အဆိုပါခရီးရှည် စာပေဟောပြောပွဲအပြီး နောက်(၇)ခန့် အကြာ ၁၉၈၃ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံရောက်ရှိခဲ့ရပြန်ပါသည်။

          ယခုတစ်ခေါက် ကျွန်တော်နှင့်အတူ လားရှိုးဟောပြောပွဲသို့ လိုက်ပါလာကြသူများမှာ ကာတွန်း ဆရာငွေကြည်၊ ကဗျာဆရာကြီးမင်းယုဝေ၊ စာပေဝေဖန်ရေးသမားမောင်စွမ်းရည်နှင့်ကျွန်တော်အပါ အ၀င် ၄ ယောက်ပင် ဖြစ်သည်။

          ကျွန်တော်သည် ဒုတိယခရီးသို့ လိုက်ပါရန် ရည်ရွယ်ချက်လည်း မရှိ။ ယခင်တစ်ခေါက် ရောက် ခဲ့ဖူး၍ ပြဲပြဲစင်အောင် သွားခဲ့လာခဲ့ဖူးသဖြင့် လိုက်ဖို့ စိတ်မကူးခဲ့။ သို့သော် ရန်ကုန်မှ ဟောပြောပွဲစီစဉ် သူ ကိုသောင်း(ဦးလှမြိုင်)ကရော လားရှိုးမှဆရာကြီးကမ္ဗောဇကပါ လိုက်ဖြစ်အောင် လိုက်ခဲ့ပါ။ အရင် က ရောက်ဖူးပေမယ့် မရောက်ဖူးသေးတဲ့နေရာတွေအတွက် Guide(လမ်းပြ)အဖြစ်နဲ့ဆက်ဆက်လိုက် ခဲ့ပါ"ဟု အတန်တန် တိုက်တွန်းကြသဖြင့် ယောင်ပေယောင်ပေနဲ့ ပါသွားခဲ့ရခြင်း ဖြစ်သည်။ ထုံးစံအ တိုင်း လားရှိုးသို့ လေယာဉ်ဖြင့် နံနက်ပိုင်းတွင် ရောက်ရှိသွားခဲ့ကြသည်။ နံနက်စာ စားပြီးလျှင် ပြီးချင်း အချိန်မဖြုန်းတော့ပဲ နမ္မတူကို ဖြတ်ရုံသာ ဖြတ်သွားခဲ့သော်လည်း ယခုတစ်ခေါက်တွင်မူ နမ္မတူစာပေ လုပ်သားများက ဟောပြောပွဲအတွက် အခမ်းအနား  စီစဉ်ထားသည်ကို တွေ့ရသည်။ ဧည့်ခံပြုစုရာတွင် လည်း လိုလေသေးမရှိ ပြုစုခဲ့ကြသည်။

          နမ္မတူမြို့မှာ အပြင်ကကြည့်လျှင် သာမန်မျှသာ ဖြစ်သော်လည်း မြို့တွင်းသို့ ရောက်မှ မြို့အ နေအထားကြီးမားသလောက် စက်မှုလုပ်သား အင်အားများပြားသည့်မြို့ကြီးတစ်မြို့ ဖြစ်သည်ကိုတွေ့ ရသည်။ လားရှိုးနှင့်ရေစက်မကုန်သေးသောကျွန်တော်သည် စတုတ္ထအကြိမ် လားရှိုးသို့ ဆရာကြီး ကမ္ဗောဇ၏အစီအစဉ်ဖြင့် စစ်မြေပြင်သို့ စာပန်းချီစာအုပ်များ ပို့ရန် နောက်တစ်ခေါက် ထပ်မံရောက်ရှိခဲ့ ရပြီ။ နောက်ဆုံးတစ်ခေါက် တရုတ်ပြည်သို့ လေ့လာရေးခရီး သွားကြရာတွင်လည်း ပန်းချီကျော် သောင်း၊ ဘ၀တက္ကသိုလ်ကိုနေ၀င်းနှင့်အတူ နောက်တစ်ကြိမ် ရောက်၍ ဆရာကြီးအိမ်မှာပင် တည်းခို ခဲ့ကြသည်။

          နမ္မတူမှအပြန်တွင် အဆင်သင့် စောင့်ကြိုနေသော လားရှိုးစာပေဟောပြောပွဲအပြီးတွင် သိန္နီ နှင့်ကွတ်ခိုင်တွင် သွားဟောပြောခဲ့ကြရသည်။

          ကွတ်ခိုင်ဟောပြောပွဲမှာ ညနေ ၃ နာရီခန့်တွင် စတင်၍ ၆ နာရီခန့်တွင် ပြီးဆုံးသွားခဲ့ရာ တပ်မ တော်ဗျူဟာမှူး၏အိမ်မှ ဧည့်ခံသော ညစာစားပွဲကို တက်ရောက်ခဲ့ကြရသည်။

          ထိုနေ့က ညစာစားပွဲတွင် ဗျူဟာမှူးက "ဆရာတို့ထဲက မသောက်တတ်တဲ့လူ ပါသလား"ဟု မေးခဲ့ရာ ဆရာမင်းယုဝေ၊ မောင်စွမ်းရည်နှင့်ငွေကြည်တို့က မသောက်တတ်ပါ"ဟု ဆိုသဖြင့် ညစာစား ပွဲတွင် ကျွန်တော်တစ်ယောက်ကို အရက်ဖြင့် ဧည့်ခံ၍ ကျန်စာရေးဆရာများကို ဘီယာဖြင့် ဧည့်ခဲ့ခဲ့ သည်။ ညစာစားပွဲအပြီးတွင် ဗျူဟာမှူးက ကျွန်တော့်အတွက် မော်ဆိုင်း(တရုတ်)အရက်တစ်ပုလင်း လက်ဆောင်ပေးလိုက်သေးသည်။ ကြွေအိုးကလေးဖြင့် ထည့်ထားသော မော်ဆိုင်းအရက်ကို ရန်ကုန် ရောက်မှ တရုတ်နှစ်သစ်ကူးတွင် သောက်မည်ဟုစိတ်ကူးထားခဲ့သည်။ သို့သော် မောင်စွမ်းရည်က "မြီး ကြည့်ချင်လိုက်တာ"ဟုဆိုကာ အဖုံးကို ဖွင့်လိုက်သဖြင့် ကျွန်တော်မှာ အတော်မကျေမနပ်ဖြစ်သွားခဲ့ သည်။

          ကွတ်ခိုင်မှ လားရှိုးသို့ ပြန်ရောက်ပြီး မန္တလေးသို့ကားဖြင့် ပြန်လာခဲ့သည်။ ကျောက်မဲတွင် တစ် ပွဲဟောရန် ကျန်နေသေးသောကြောင့် ဖြစ်သည်။ ကျောက်မဲမြို့ခံများကလည်း ကျွန်တော်တို့အား ဟို တယ်တစ်ခုတွင် နေရာချပေးပြီး လိုလေသေးမရှိ။ ဧည့်ခံကြပါသည်။ ကျောက်မဲတွင် စာရေးဆရာမ မကျည်းတန်ကိုလည်း တွေ့ခဲ့ရသည်။

          ကျောက်မဲမှ မန္တလေးသို့ အပြန် ဂုတ်ထိပ်တံတားတွင် ဆရာမင်းယုဝေက ဂုတ်ထိပ်တံတားပေါ် သို့ မရောက်ဖူး၍ ခြေကျင်ဆင်းလျှောက်ခဲ့ပါသေးသည်။ နယူးယောက်၊ ဆန်ဖရန်စစ္စကိုတံတားကြီး၊ လန်ဒန်မှ သိမ်းမြစ်တံတားကြီးကို ဖြတ်ကျော်ဖူးပါလျက် ဂုတ်ထိပ်တံတားကို မဖြတ်ဖူးသေးသော ဆရာမင်းယုဝေအား ကျွန်တော်က ခေတ်နောက်ကျနေပြီဟု ကျီစယ်လိုက်သည်။ ပို၍ဆိုးသည်မှာ ထို နေ့ ထိုအချိန်အထိ မင်းယုဝေသည် မုံရွာသို့ တစ်ခါတစ်ခေါက်မျှ မရောက်ဖူးသေးဟုသိရသဖြင့် "ဒီလို ဆို မုံရွာမရောက်ဖူးသေးရင် မြန်မာပြည်ကို မနှံ့သေးဘူးလို့ ဆိုရမှာပဲ"ဟု နောက်ပြောင်လိုက်ရာ ဆရာ မင်းယုဝေမှာ တဟဲဟဲဖြင့် ရယ်ကျဲကျဲလုပ်နေပါသည်။

          ယခုသော်မူ လားရှိုးသို့ မရောက်သည်မှာ ၁၀ နှစ်ပင် ကျော်ခဲ့ပြီဖြစ်၍ အတိတ်မှ လားရှိုးစာပေ ဟောပြောပွဲမှာ အရိပ်ပမာ ဖြစ်နေခဲ့ပါသည်။
လင်းယုန်မောင်မောင်

မှတ်ချက်။       ။၂၀၀၁-ခုနှစ်ထုတ် လားရှိုးမဂ္ဂဇင်း၊ စာမျက်နှာ-၅၂ မှ ၅၇ ထိ ပါသော ဆောင်းပါးကို ပြန်လည်၍ စာစီရိုက်ထားပါသည်။